ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 107:29-40 Common Language Bible (BCL)

29. ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။

30. ယင်း​သို့​လေ​ငြိမ်​သ​ဖြင့်​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ကုန်​၏။ကိုယ်​တော်​သည်​သူ​တို့​သွား​လို​ရာ​သင်္ဘော​ဆိပ်​မြို့​သို့ ဘေး​မဲ့​လုံ​ခြုံ​စွာ​ပို့ဆောင်​တော်​မူ​၏။

31. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အ​တွက်​ပြု​တော်​မူ​သောအံ့​သြ​ဖွယ်​ရာ​များ​အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။

32. သူ​တို့​သည်​ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို လူ​တို့ စု​ဝေး​ရာ​အ​ရပ်​၌​ထုတ်​ဖော်​ကြေ​ညာ​ကြ​ရ​ပေ​မည်။ခေါင်း​ဆောင်​များ​အ​စည်း​အ​ဝေး​၌​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​ရ​ပေ​မည်။

33. ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။

34. ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ကိုယ်​တော်​သည် မြေ​ကောင်း​မြေ​သန့်​ကိုအ​သုံး​မ​ဝင်​သည့်​ဆား​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။

35. ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။

36. ထို​ဒေ​သ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​အား နေ​ထိုင်​ခွင့်​ပေး​တော်​မူ​၏။သူ​တို့​သည်​လည်း​မိ​မိ​တို့​နေ​ထိုင်​ရန်​မြို့​ကို တည်​ကြ​၏။

37. သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။

38. ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​ကိုကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်​သူ​တို့​သည် သား​သ​မီး​များ​စွာ​ရ​ရှိ​ကြ​၏။ကိုယ်​တော်​သည်​သူ​တို့​၏​နွား​အုပ်​များ​ကို​လည်း မ​ယုတ်​မ​လျော့​စေ​ရန်​စောင့်​ရှောက်​တော်​မူ​၏။

39. ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရက်​စက်​စွာ ဖိ​စီး​နှိပ်​စက်​မှု​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့်အ​ရေး​ရှုံး​နိမ့်​ကာ​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​ကြ သော​အ​ခါ

40. ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 107