ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 107:1-21 Common Language Bible (BCL)

1. ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​

2-3. ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကိုခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။

4. လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။

5. သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။

6. သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။

7. ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။

8. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်းကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။

9. ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။

10. အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာအ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။

11. အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။

12. သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။

13. သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။

14. ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။

15. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သောမေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အားပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။

16. ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။

17. အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။

18. သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲသေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။

19. ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။

20. ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အားရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။

21. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သောမေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်းကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 107