29. သူတို့သည်ယင်းသို့ပြုမူခြင်းအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေးကြရာသူတို့တွင်ရောဂါဆိုး ကပ်ရောက်လေ၏။
30. သို့ရာတွင်ဖိနဟတ်သည်ထ၍အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
31. ဖိနဟတ်ပြုခဲ့သည့်ကျေးဇူးကိုယနေ့တိုင်အောင် လူတို့သတိရကြကုန်၏။နောင်ကာလအစဉ်မပြတ်လည်း သတိရကြပေလိမ့်မည်။
32. သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
33. သူတို့သည်မောရှေအားလွန်စွာစိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
34. သူတို့သည်ခါနာန်အမျိုးသားတို့အားသုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
35. ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
36. ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
37. သူတို့သည်မိမိတို့၏သားသမီးများကိုယဇ်ကောင်များအဖြစ်ဖြင့်ခါနာန်ရုပ်တုတို့အား ပူဇော်ကြ၏။
38. သူတို့သည်မိမိတို့၏အပြစ်မဲ့သူသားသမီးအရင်းအချာများကိုသတ် ဖြတ်ကာခါနာန်ရုပ်တုများအားပူဇော်ကြရာတိုင်းပြည်ကို ညစ်ညမ်းစေကြ၏။