ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 106:24-39 Common Language Bible (BCL)

24. ထို​နောက်​သူ​တို့​သည်​သာ​ယာ​သော​ပြည်​သို့ ဝင်​ရန် ငြင်း​ဆန်​ကြ​သည်။အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို​မ​ယုံ​ကြ​သော​ကြောင့်​ဖြစ်​၏။

25. သူ​တို့​သည်​မိ​မိ​တို့​၏​တဲ​များ​တွင်​နေ​၍ ညည်း​ညူ​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ ထောင်​ကြ။

26-27. သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင်သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။

28. ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။

29. သူ​တို့​သည်​ယင်း​သို့​ပြု​မူ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကိုလှုံ့​ဆော်​ပေး​ကြ​ရာ​သူ​တို့​တွင်​ရော​ဂါ​ဆိုး ကပ်​ရောက်​လေ​၏။

30. သို့​ရာ​တွင်​ဖိ​န​ဟတ်​သည်​ထ​၍အ​ပြစ်​ရှိ​သူ​တို့​ကို​ဒဏ်​စီ​ရင်​လိုက်​သ​ဖြင့် ကပ်​ရော​ဂါ​သည်​ငြိမ်း​လေ​၏။

31. ဖိ​န​ဟတ်​ပြု​ခဲ့​သည့်​ကျေး​ဇူး​ကို​ယ​နေ့​တိုင်​အောင် လူ​တို့​သ​တိ​ရ​ကြ​ကုန်​၏။နောင်​ကာ​လ​အ​စဉ်​မ​ပြတ်​လည်း သ​တိ​ရ​ကြ​ပေ​လိမ့်​မည်။

32. သူ​တို့​သည်​မေ​ရိ​ဘ​စမ်း​ချောင်း​အ​နီး​တွင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​ထွက်​စေ​ကြ​၏။သူ​တို့​အ​တွက်​ကြောင့်​မော​ရှေ​သည်​ဒုက္ခ​ရောက် ရ​၏။

33. သူ​တို့​သည်​မော​ရှေ​အား​လွန်​စွာစိတ်​နာ​ကြည်း​စေ​သ​ဖြင့်​သူ​မ​စဉ်း​စား မ​ဆင်​ခြင်​ဘဲ​စ​ကား​ပြော​မိ​၏။

34. သူ​တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​အားသုတ်​သင်​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း တော်​မူ​သည့်​အ​တိုင်း​မ​ပြု​မ​လုပ်​ကြ​ဘဲ

35. ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။

36. ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရုပ်​တု​များ​ကို ရှိ​ခိုး​ကြ​သ​ဖြင့်​ပျက်​စီး​ဆုံး​ရှုံး​ရ ကြ​၏။

37. သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကိုယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​ခါ​နာန်​ရုပ်​တု​တို့​အား ပူ​ဇော်​ကြ​၏။

38. သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​မဲ့​သူသား​သ​မီး​အ​ရင်း​အ​ချာ​များ​ကို​သတ် ဖြတ်​ကာခါ​နာန်​ရုပ်​တု​များ​အား​ပူ​ဇော်​ကြ​ရာ​တိုင်း​ပြည်​ကို ညစ်​ညမ်း​စေ​ကြ​၏။

39. ယင်း​သို့​သတ်​ဖြတ်​မှု​များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို ညစ်​ညမ်း​စေ​ကြ​၏။ယင်း​သို့​ပြု​မူ​ကြ​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​လည်း သစ္စာ​ဖောက်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 106