ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 10:7-18 Common Language Bible (BCL)

7. သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။

8. သူ​သည်​ရွာ​များ​တွင်​ပုန်း​အောင်း​ကာ အ​ပြစ်​မဲ့​သူ​များ​ကို​သတ်​ဖြတ်​တတ်​၏။ခို​ကိုး​ရာ​မဲ့​သူ​များ​ကို​ချောင်း​မြောင်း​နေ​တတ်​၏။

9. သူ​သည်​သား​ကောင်​ကို​ဖမ်း​ဆီး​ရန်​သား​ရဲ​တွင်း​၌ချောင်း​မြောင်း​နေ​သော​ခြင်္သေ့​ကဲ့​သို့​ဝပ်​၍​နေ တတ်​၏။သူ​သည်​ဆင်း​ရဲ​သူ​များ​ကို​ချောင်း​မြောင်း​၍မိ​မိ​ပိုက်​ကွန်​တွင်​ဖမ်း​ဆီး​ပြီး​လျှင်​ဆွဲ​ယူ သွား​တတ်​၏။

10. သူ​၏​ရက်​စက်​သော​ခွန်​အား​ဖြင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​ကို ပြို​လဲ​စေ​၏။

11. သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။

12. အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။အို ဘု​ရား​သ​ခင်၊ ထို​ယုတ်​မာ​သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​ပါ။ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

13. သူ​ယုတ်​မာ​သည်​အ​ဘယ်​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​၍``ကိုယ်​တော်​သည်​ငါ့​ကို​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​မည် မ​ဟုတ်'' ဟုတစ်​ကိုယ်​တည်း​ပြော​ဆို​နိုင်​ပါ​သ​နည်း။

14. သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကိုအ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

15. ယုတ်​မာ​သူ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​တော့​သည့်​တိုင် အောင် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။

16. ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။

17. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက်သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။

18. ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​များ​နှင့် မိ​ဘ​မဲ့​သူ​များ​အားနောက်​တစ်​ဖန်​မ​ခြောက်​မ​လှန့်​နိုင်​စိမ့်​သော​ငှာကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​၏​ဟစ်​အော်​သံ​ကို ကြား​တော်​မူ​၍သူ​တို့​၏​အ​ကျိုး​ကို​ထောက်​လျက်​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 10