ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 50:3-12 Common Language Bible (BCL)

3. ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။

4. ငို​ကြွေး​မြည်​တမ်း​ခြင်း​ရက်​များ ကုန်​ဆုံး​သော အ​ခါ​ယော​သပ်​က​ဖာ​ရော​ဘု​ရင်​၏​အ​မှု​ထမ်း တို့​အား၊ ဖာ​ရော​ဘု​ရင်​နား​တော်​သို့​ဤ​သို့​လျှောက် ကြ​ပါ​လော့။-

5. ``ကျွန်​တော်​၏​အ​ဖ​သေ​အံ့​ဆဲ​ဆဲ​တွင်​သူ့​အား ခါ​နာန်​ပြည်​ရှိ​သူ​ဝယ်​ထား​သော​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​ဟု ကျွန်​တော်​အား​ကတိ​သစ္စာ​ပြု စေ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖ​၏​အ​လောင်း​ကို သင်္ဂြိုဟ်​ရန် ခါ​နာန်​ပြည်​သို့​သွား​၍​အ​လောင်း ကို​သင်္ဂြိုဟ်​ပြီး​လျှင်​အီ​ဂျစ်​ပြည်​သို့​ပြန်​လာ ပါ​မည်''ဟု​ဆို​လေ​၏။

6. ယော​သပ်​မှာ​ကြား​သည့်​အ​တိုင်း​အ​မှု​ထမ်း တို့​က ဘု​ရင်​အား​တင်​လျှောက်​ကြ​သော​အ​ခါ ဘု​ရင်​က``သင်​၏​အ​ဖ​အား​က​တိ​သစ္စာ​ပြု ထား​သည့်​အ​တိုင်း သွား​၍​အ​ဖ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​အ​ခွင့်​ပေး​လိုက်​လေ​၏။

7. သို့​ဖြစ်​၍​ယော​သပ်​သည် သူ​၏​အဖ​ကို​သင်္ဂြိုဟ် ခြင်း​ငှာ​သွား​လေ​၏။ ဖာ​ရော​ဘု​ရင်​၏​အ​ရာ ရှိ​များ၊ နန်း​တော်​မှ​အ​ကြီး​အ​ကဲ​များ​နှင့် အီ​ဂျစ်​ပြည်​မှ​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယော​သပ်​နှင့်​အ​တူ​လိုက်​ပါ​ပို့​ဆောင်​ကြ​၏။-

8. ယော​သပ်​၏​မိ​သား​စု၊ သူ​၏​ညီ​အစ်​ကို​များ နှင့်​သူ​၏​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ခဲ့​ကြ​၏။ သူ တို့​၏​က​လေး​ငယ်​များ၊ သိုး၊ ဆိတ်​နှင့်​နွား အုပ်​များ​သာ​လျှင်​ဂေါ​ရှင်​အ​ရပ်​တွင်​ကျန် ရစ်​ခဲ့​ကြ​၏။-

9. ရ​ထား​စီး​သူ​ရဲ​နှင့်​မြင်း​စီး​သူ​ရဲ​များ​လည်း လိုက်​ပါ​လာ​ကြ​သ​ဖြင့် အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည်​ယော​သပ်​နှင့်​အ​တူ လိုက်​ပါ​ပို့​ဆောင်​ကြ​၏။

10. သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-

11. ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သော​ခါ​နာန်​အ​မျိုး သား​တို့​က​အာ​တဒ်​ကောက်​နယ်​တ​လင်း​၌ လူ များ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​ခြင်း​ကို​မြင် ရ​သော​အ​ခါ``အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ရှိ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​ရှိ​သော​ထို​ဒေ​သ​ကို​အ​ဗေ လ​မိ​ဇ​ရိမ်​ဟူ​၍​နာ​မည်​မှည့်​ကြ​၏။

12. ယာ​ကုပ်​၏​သား​တို့​သည်​အ​ဖ​မှာ​ခဲ့​သည့် အ​တိုင်း၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 50