ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 50:14-26 Common Language Bible (BCL)

14. ယော​သပ်​သည်​အ​ဖ​ကို​သင်္ဂြိုဟ်​ပြီး​နောက်​သူ ၏​ညီ​အစ်​ကို​များ​မှ​စ​၍ အ​ခြား​လိုက်​ပါ​လာ ကြ​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ​အီ​ဂျစ်​ပြည် သို့​ပြန်​ခဲ့​လေ​သည်။

15. ယာ​ကုပ်​အ​နိစ္စ​ရောက်​ပြီး​နောက်​ညီ​အစ်​ကို​တို့ က``ငါ​တို့​သည်​ယော​သပ်​အား​ဒုက္ခ​ရောက်​စေ​ခဲ့ သည့်​အ​တွက် သူ​က​အ​ငြိုး​ထား​၍​လက်​စား​ချေ မည်​ကို​စိုး​ရိမ်​ရ​သည်'' ဟု​အ​ချင်း​ချင်း​ပြော ဆို​ကြ​၏။-

16-17. ထို့​ကြောင့်​သူ​တို့​သည်​ယော​သပ်​ထံ​သို့​တ​မန် ကို​စေ​လွှတ်​၍``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား ပြစ်​မှား​မိ​ခဲ့​သည့်​အ​တွက်​အ​ပြစ်​ကို​လွှတ် တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား​တောင်း​ပန်​ရန် အ​ဖ​အ​နိစ္စ​မ​ရောက်​မီ​က​မှာ​ကြား​ခဲ့​ပါ သည်။ ထို့​ကြောင့်​အ​ဖ​ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​ကျွန်​များ​ဖြစ်​ကြ​သော​ကျွန်ုပ်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​ပါ'' ဟူ​၍​လျှောက် စေ​၏။ ယော​သပ်​သည်​ထို​လျှောက်​ထား​ချက် ကို​ကြား​ရ​သော​အ​ခါ​ငို​ကြွေး​လေ​၏။

18. ထို​နောက်​ယော​သပ်​၏​ညီ​အစ်​ကို​တို့​သည်​သူ့ ထံ​သို့​ဝင်​ရောက်​၍​ရှေ့​တွင်​ပျပ်​ဝပ်​လျက်``ကိုယ် တော်​၏​ကျွန်​များ​ရှေ့​တော်​သို့​ရောက်​ရှိ​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

19. ထို​အ​ခါ​ယော​သပ်​က​ညီ​အစ်​ကို​တို့​အား``အစ် ကို​တို့​မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​က သာ​လျှင်​တ​ရား​စီ​ရင်​၍​ဒဏ်​ပေး​ပိုင်​တော်​မူ​၏။ ကျွန်ုပ်​မူ​ကား​ထို​သို့​မ​ပြု​နိုင်​ပါ။-

20. အစ်​ကို​တို့​သည်​ကျွန်ုပ်​အား​မ​ကောင်း​ကြံ​ခဲ့ ကြ​ပါ​သော်​လည်း​ဘု​ရား​သ​ခင်​က ကျွန်ုပ် တို့​ယ​နေ့​တွေ့​မြင်​ရ​သည့်​အ​တိုင်း​လူ​များ အ​သက်​ချမ်း​သာ​စေ​ရန်​ထို​မ​ကောင်း​မှု​မှ အ​ကျိုး​တ​ရား​ကို​ဖော်​ခဲ့​တော်​မူ​ပြီ။-

21. မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ကျွန်ုပ်​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အား​ကြည့်​ရှု​စောင့် ရှောက်​ထား​ပါ​မည်'' ဟု​ဆို​လေ​၏။ ဤ​နည်း​အား ဖြင့်​ယော​သပ်​သည်​ညီ​အစ်​ကို​တို့​အား​နှစ်​သိမ့် စကား​ပြော​၍​စိတ်​ချမ်း​သာ​ရာ​ရ​စေ​လေ​၏။

22. အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​သည်​သူ​၏​သား ချင်း​များ​နှင့်​အ​တူ​နေ​ထိုင်​၍ အ​သက်​တစ် ရာ့​တစ်​ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-

23. သူ​သည်​ဧ​ဖ​ရိမ်​၏​သား​သ​မီး​နှင့်​မြေး​တို့ ကို​တွေ့​မြင်​သွား​ရ​၏။ မ​နာ​ရှေ​၏​သား​မာ​ခိ ရ​၏​သား​သ​မီး​တို့​ကို​လည်း​ပြု​စု​ခဲ့​ရ​၏။-

24. ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-

25. ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​ထို ပြည်​သို့​ပို့​ဆောင်​သော​အ​ခါ ငါ​၏​အ​ရိုး တို့​ကို​သင်​တို့​နှင့်​အ​တူ​ဆောင်​သွား​ပါ​မည် ဟု​ငါ့​အား​က​တိ​ပေး​ပါ​လော့'' ဟု​ဆို လျက်​ကျိန်​ဆို​က​တိ​ပေး​စေ​၏။-

26. သို့​ဖြစ်​၍​ယော​သပ်​သည်​အ​သက်​တစ်​ရာ့​တစ် ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။ သူ​တို့​သည်​သူ ၏​ရုပ်​အ​လောင်း​ကို​ကြာ​ရှည်​ခံ​အောင်​ဆေး​စိမ် ၍ အီ​ဂျစ်​ပြည်​၌​ခေါင်း​သွင်း​ထား​ကြ​သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​ကမ္ဘာ​ဦး​ကျမ်း​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 50