11. ချစ်ဆွေ၊ စံနမူနာကောင်းကိုအတုယူပါ။ စံနမူနာဆိုးကိုအတုမယူနှင့်။ အကျင့် ကောင်းကိုပြုကျင့်သူသည်ဘုရားသခင်၏ ဘက်တော်သားဖြစ်၏။ အကျင့်ဆိုးကိုပြု ကျင့်သူကားဘုရားသခင်ကိုမသိမြင် သေးသူဖြစ်၏။
12. ဒေမေတရိကို လူတိုင်းချီးမွမ်းပြောဆို ကြပေသည်။ သမ္မာတရားသည်သူ့ဘက်၌ သက်သေခံ၏။ ငါတို့သည်ထပ်လောင်း၍ ထောက်ခံ၏။ ငါတို့ထောက်ခံချက်သည် ခိုင်လုံကြောင်းသင်သိ၏။
13. သင်တို့အားပြောစရာအကြောင်းအရာ များစွာရှိသော်လည်းငါသည်စာအားဖြင့် မရေးဘဲ၊-
14. ငါသည်သင့်ထံသို့မကြာမီရောက်၍သင်နှင့် မျက်နှာစုံညီတွေ့ဆုံပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။
15. သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ဤအရပ်ရှိမိတ်ဆွေများကသင့်အားနှုတ် ဆက်ကြ၏။ ငါတို့၏မိတ်ဆွေတစ်ဦးစီအား နှုတ်ဆက်ပါလော့။ ရှင်ယောဟန်သြဝါဒစာတတိယစောင်ပြီး၏။