ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ယော 1:8-13 Common Language Bible (BCL)

8. သို့​ဖြစ်​၍​သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​၏​ကြိုး​ပမ်း​ဆောင်​ရွက် ချက်​များ​သည်​အ​ချည်း​နှီး​မ​ဖြစ်​ဘဲ သင်​တို့ သည်​အ​ကျိုး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။

9. ခ​ရစ်​တော်​၏​တ​ရား​တော်​ဘောင်​အ​တွင်း​၌ မ​နေ​ဘဲ ထို​ဘောင်​ကို​ကူး​ကျော်​သူ​၌​ဘု​ရား သ​ခင်​မ​ရှိ။ ထို​တ​ရား​တော်​ဘောင်​အ​တွင်း​၌ နေ​သော​သူ​ဟူ​မူ​ကား​ခ​မည်း​တော်​နှင့်​သား တော်​ပါ​ရှိ​၏။-

10. ထို​တရား​တော်​ကို​မ​သွန်​သင်​သော​သူ​သည် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ သင် တို့​အိမ်​တွင်​လက်​မ​ခံ​ကြ​နှင့်။ သူ့​အား​နှုတ် ခွန်း​ပင်​မ​ဆက်​ကြ​နှင့်။-

11. အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​အား​နှုတ်​ခွန်း ဆက်​သူ​သည်​ထို​သူ​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ်​၍ ဆိုး​ယုတ်​မှု​ကို​ပြု​ကျင့်​ရာ​ရောက်​သော​ကြောင့် တည်း။

12. သင်​တို့​အား​ပြော​စ​ရာ​များ​စွာ​ရှိ​သော်​လည်း ငါ​သည်​စာ​အား​ဖြင့်​မ​ရေး​ဘဲ ငါ​တို့​၏​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် ငါ​သည် သင်​တို့​ထံ​သို့​အ​လည်​အ​ပတ်​လာ​၍ သင်​တို့ နှင့်​ကိုယ်​တိုင်​တွေ့​ဆုံ​ပြော​ဆို​ရန်​မျှော်​လင့်​၏။

13. ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​သူ သင့်​ညီ​မ​၏​သား​သ​မီး​များ​က​သင့်​အား နှုတ်​ဆက်​ကြ​၏။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ယော 1