ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ပေ 3:1-2-8 Common Language Bible (BCL)

1-2. ငါ​၏​ချစ်​ဆွေ​တို့၊ ဤ​စာ​သည်​သင်​တို့​ထံ​သို့ ဒု​တိ​ယ​အ​ကြိမ်​ငါ​ရေး​လိုက်​သော​စာ​ဖြစ်​၏။ ငါ​သည်​ဤ​စာ​နှစ်​စောင်​လုံး​၌​မြင့်​မြတ် သန့်​ရှင်း​သူ​ပ​ရော​ဖက်​များ အ​ခါ​တစ်​ပါး​က ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​တ​မန်​တော်​များ​မှ​တစ်​ဆင့်​ပေး​အပ် ခဲ့​သည့်​ကယ်​တင်​ရှင်​သ​ခင်​ဘု​ရား​၏​ပ​ညတ် တော်​ကို​လည်း​ကောင်း သင်​တို့​ကြည်​လင်​သော ဉာဏ်​ဖြင့်​နား​လည်​စေ​ရန်​ယင်း​တို့​ကို​ပြန် လည်​သ​တိ​ရ​စေ​၏။-

3. အ​ဆုံး​စွန်​သော​ကာ​လ​၌​မိ​မိ​တို့​၏​ကိ​လေ သာ​စိတ်​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​သော​သူ များ​ပေါ်​ပေါက်​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ဦး​စွာ​နား​လည်​ရ​ကြ​မည်။ ထို​သူ​တို့​သည် သင်​တို့​အား​ပြက်​ရယ်​ပြု​လျက်၊-

4. `သ​ခင်​ဘု​ရား​သည်​မိ​မိ​တစ်​ဖန်​ကြွ​လာ တော်​မူ​မည်​ဟု​က​တိ​ထား​တော်​မူ​ခဲ့​သည် မ​ဟုတ်​ပါ​လော။ ထို​က​တိ​တော်​သည်​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ငါ​တို့​မိ​ဘ​များ​ကား သေ​လွန်​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ခပ်​သိမ်း သော​အ​မှု​အ​ရာ​တို့​သည်​ကမ္ဘာ​လော​က​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန်​က​ရှိ ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​သေး​ပါ​သည် တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။-

5. ဘု​ရား​သ​ခင်​သည်​ရှေး​ကာ​လ​၌​မိုး​ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​အ​မိန့်​တော်​ဖြင့် ဖန်​ဆင်း​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ် တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ထဲ​မှ​ရေ အား​ဖြင့်​ပေါ်​ပေါက်​စေ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊-

6. ရှေး​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ဖြင့်​ပင်​လျှင်​လွှမ်း မိုး​ဖျက်​ဆီး​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သူ​တို့​သည်​တ​မင်​သက်​သက်​မေ့ လျော့​ကြ​၏။-

7. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယ​ခု​လက်​ရှိ မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​မီး​ဖြင့် ဖျက်​ဆီး​ရာ​နေ့​တိုင်​အောင် ထို​အ​မိန့်​တော် အား​ဖြင့်​ပင်​လျှင်​ဆက်​လက်​တည်​ရှိ​စေ တော်​မူ​ပေ​သည်။ ထို​နေ့​၌​ဘု​ရား​တ​ရား မဲ့​သော​သူ​တို့​သည်​တ​ရား​စီ​ရင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

8. သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ပေ 3