ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ပေ 3:14-18 Common Language Bible (BCL)

14. သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ထို​နေ့​ရက် ကို​စောင့်​မျှော်​လျက်​နေ​ကြ​စဉ် ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း အ​ပြစ်​ကင်း​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော် နှင့်​ငြိမ်း​ချမ်း​မှု​ရ​ရှိ​၍​နှစ်​သက်​လက်​ခံ​ဖွယ် ဖြစ်​စေ​ရန်​လည်း​ကောင်း အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ကြ​လော့။-

15. ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သည့်​ဉာဏ်​ပ​ညာ​ဖြင့် သင်​တို့​အား​ရေး​သား​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​ဆိုင်း​သည်း​ခံ တော်​မူ​သည်​မှာ သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​တွက်​အ​ခါ​အ​ခွင့်​ပေး​ခြင်း​ပင်​ဖြစ်​ကြောင်း မှတ်​ယူ​ကြ​လော့။-

16. ပေါ​လု​သည်​ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက် ၍​မိ​မိ​ရေး​သ​မျှ​သော​စာ​တို့​တွင်​ဤ​အ​တိုင်း ပင်​ဖော်​ပြ​ထား​၏။ သူ​၏​စာ​များ​တွင်​ပါ​ရှိ​သည့် အ​ကြောင်း​အ​ရာ​အ​ချို့​တို့​မှာ​နား​လည်​ရန် ခက်​သ​ဖြင့် အ​သိ​ပ​ညာ​မဲ့​၍​စိတ်​မ​တည် မ​ငြိမ်​သူ​တို့​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​အ​လွဲ​လွဲ အ​မှား​မှား​ကောက်​ယူ​တတ်​ကြ​၏။ သူ​တို့​သည် အ​ခြား​ကျမ်း​ပုဒ်​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို လည်း​ဤ​နည်း​တူ​ကောက်​ယူ​သ​ဖြင့်​မိ​မိ​တို့ ကိုယ်​တိုင်​ပျက်​စီး​ခြင်း​ငှာ​ပြု​ကြ​၏။

17. သို့​ရာ​တွင်​မိတ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​အ​ကြောင်း အ​ရာ​များ​ကို​သိ​ပြီး​သည်​ဖြစ်​သည်။ ထို့​ကြောင့် သင်​တို့​သည်​တ​ရား​မဲ့​သူ​တို့​၏​မှား​ယွင်း​သော လမ်း​သို့​မ​လိုက်​မ​ပါ​မိ​ကြ​စေ​ရန်​နှင့် မိ​မိ တို့​ခိုင်​ခံ့​တည်​ကြည်​စွာ​ရပ်​တည်​ရာ​မှ​မ​ရွေ့ မ​လျော့​ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

18. သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ပေ 3