ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ပေ 2:9-10-22 Common Language Bible (BCL)

9-10. သို့​ဖြစ်​၍​ဘု​ရား​ကြည်​ညို​သူ​တို့​အား​မိ​မိ တို့​ခံ​ရ​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​မှ ကယ်​တင်​တော်​မူ​ရန်​လည်း​ကောင်း၊ သူ​ယုတ်​မာ များ​အ​ထူး​သ​ဖြင့်​မိ​မိ​တို့​၏​ကိ​လေ​သာ စိတ်​ဆွဲ​ဆောင်​ရာ​သို့​လိုက်​၍ ဘု​ရား​သ​ခင် အာ​ဏာ​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တိုင်​အောင် ပြစ်​ဒဏ်​ပေး​ထား​ရန်​လည်း​ကောင်း​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​တတ်​၏။ထို​မိစ္ဆာ​ဆ​ရာ​တို့​သည်​အ​တင့်​ရဲ​၍​မာ​န ထောင်​လွှား​လျက် တန်​ခိုး​ကြီး​သော​ကောင်း ကင်​သား​တို့​အား​မ​ရို​သေ​ဘဲ​စော်​ကား ပြော​ဆို​ကြ​၏။-

11. ဤ​မိစ္ဆာ​ဆ​ရာ​တို့​ထက်​များ​စွာ​တန်​ခိုး​စွမ်း ရည်​ကြီး​သော​ကောင်း​ကင်​တ​မန်​များ​ပင် လျှင် သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​မှောက်​တွင်​စော်​ကား​ပြော​ဆို​ခြင်း​ကို မ​ပြု​ကြ။-

12. သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။-

13. သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ထိ​ခိုက်​နာ ကျင်​စေ​သ​ကဲ့​သို့​မိ​မိ​တို့​လည်း​ထိ​ခိုက် နာ​ကျင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​ခင်း ကြောင်​တောင်​သေ​သောက်​ကြူး​၍​ပျော်​ပါး ကြ​၏။ သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ​စား​ပွဲ တွင်​ထိုင်​၍​စား​သောက်​လျက် သင်​တို့​၏​ဂုဏ် သိက္ခာ​ကို​ညစ်​စွန်း​စေ​ကြ​၏။ သူ​တို့​သည် လှည့်​စား​မှု​ကို​နှစ်​သက်​ကြ​၏။-

14. သူ​တို့​၏​မျက်​စိ​သည်​အ​ကျင့်​ပျက်​သည့် အ​မျိုး​သမီး​များ​ကို​သာ​ကြည့်​လျက်​အ​ပြစ် ကူး​၍​အား​မ​ရ​နိုင်​ကြ။ သူ​တို့​သည်​ယုံ ကြည်​ခြင်း​မ​ရင့်​ကျက်​သူ​တို့​ကို​ထောင် ချောက်​ထဲ​သို့​ကျ​စေ​ကြ​၏။ လော​ဘ​လွန် ကူး​မှု​တွင်​ကျင်​လည်​ကြ​၏။ သူ​တို့​သည် ဘုရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​များ ဖြစ်​ကြ​၏။-

15. သူ​တို့​သည်​လမ်း​ဖြောင့်​မှ​သွေ​ဖီ​ကာ​မှောက် မှား​လမ်း​လွဲ​ကြ​လေ​ပြီ။ ဗော​သော်​၏​သား၊ ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​ပြီ။ ဗာ​လမ် ကား​အ​ပြစ်​ပြု​ခြင်း​ဖြင့်​ရ​ရှိ​မည့်​အ​ခ​ကို တပ်​မက်​သည်​ဖြစ်​၍၊-

16. မိ​မိ​၏​အ​ပြစ်​ဒုစရိုက်​အ​တွက်​ဆုံး​မ​ခြင်း​ကို ခံ​ရ​သူ​တည်း။ မြည်း​က​လူ​ဘာ​သာ​စ​ကား ကို​ပြော​၍​ထို​ပ​ရော​ဖက်​၏​မိုက်​မဲ​မှု​ကို ဟန့်​တား​လိုက်​လေ​သည်။

17. ထို​သူ​တို့​သည်​ရေ​ခန်း​ခြောက်​သွား​သည့်​စမ်း ချောင်း​များ​ကဲ့​သို့​လည်း​ကောင်း လေ​မုန်​တိုင်း တွင်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အ​တွက်​အ​လွန့်​အ​လွန်​မှောင်​မိုက်​သော​နေ ရာ​ကို​သီး​သန့်​၍​ထား​တော်​မူ​၏။-

18. သူ​တို့​သည်​မှား​ယွင်း​လမ်း​လွဲ​သော​လူ​စု အ​ထဲ​မှ​လွတ်​မြောက်​ခါ​စ​ဖြစ်​သော​သူ​တို့ အား ကြွား​ဝါ​သော​အ​ချည်း​နှီး​စ​ကား​များ ကို​သုံး​ကာ ကာ​မ​ဂုဏ်​လိုက်​စား​မှု​ဖြင့်​သွေး ဆောင်​လမ်း​လွဲ​စေ​ကြ​၏။-

19. သူ​တို့​သည်​ထို​သူ​တို့​အား​လွတ်​လပ်​မှု​ကို က​တိ​ပေး​ခဲ့​သော်​လည်း မိ​မိ​တို့​ကိုယ်​တိုင် ပင်​လျှင်​ပျက်​စီး​စေ​မည့်​အ​ကျင့်​များ​၏ ကျွန်​ဖြစ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​သည် မိ​မိ​အား​စိုး​မိုး​သည့်​အ​ရာ​ဟူ သ​မျှ​၏​ကျွန်​ဖြစ်​သော​ကြောင့်​တည်း။-

20. အ​ကယ်​၍​လူ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင် နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ် ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညမ်း မှု​များ​မှ​လွတ်​မြောက်​ကြ​ပြီး​နောက်​တစ်​ဖန် ပြန်​၍ ထို​ညစ်​ညမ်း​မှု​များ​၏​ကျွန်​ဖြစ်​ပါ​မူ ထို​သူ​တို့​၏​နောက်​ဆုံး​အ​ခြေ​အ​နေ​သည် လက်​ဦး​အ​ခြေ​အ​နေ​ထက်​ဆိုး​ရွား​လေ တော့​သည်။-

21. ဖြောင့်​မတ်​ခြင်း​လမ်း​စဉ်​ကို​သိ​ရှိ​လာ​ပြီး နောက် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​ထား​သည့်​သန့်​ရှင်း မြင့်​မြတ်​သော​အ​မိန့်​ပ​ညတ်​ကို​စွန့်​လွှတ် လိုက်​ကြ​သည်​ထက် ထို​တ​ရား​လမ်း​ကို မ​သိ​ဘဲ​နေ​ခြင်း​က​သူ​တို့​အ​တွက်​ပို​၍ ကောင်း​၏။-

22. ``ခွေး​သည်​မိ​မိ​အန်​ဖတ်​ကို​ပြန်​၍​စား​တတ် ၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း​ကောင်း``ဝက် ကို​ရေ​ချိုး​ပေး​ပါ​မူ​သူ​သည်​ရွှံ့​နွံ​တွင်​ပြန်​၍ လူး​တတ်​၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း ကောင်း​ထို​သူ​တို့​အ​တွက်​မှန်​လျက်​နေ​တော့​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ပေ 2