ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ပေ 2:3-15 Common Language Bible (BCL)

3. ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။

4. ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​ကောင်း​ကင် တ​မန်​များ​ကို​ချမ်း​သာ​ပေး​တော်​မ​မူ​ဘဲ မှောင် မိုက်​သော​င​ရဲ​ထဲ​သို့​ချ​ထား​တော်​မူ​၏။ ထို နေ​ရာ​တွင်​သူ​တို့​ကို​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ကာ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကို စောင့်​မျှော်​စေ​တော်​မူ​၏။-

5. ကိုယ်​တော်​သည်​ရှေး​ခေတ်​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​ကို​လည်း​ချမ်း​သာ​ပေး​တော်​မ​မူ​ခဲ့​ပေ။ ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​သည်​ဘု​ရား​မဲ့​နေ သူ​တို့​၏​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​လွှမ်း​မိုး​စေ​တော် မူ​၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​ပြော​သူ နော​ဧ​ကို​မူ​ကား​အ​ခြား​သူ​ခုနစ်​ယောက်​နှင့် အ​တူ​ကယ်​တင်​တော်​မူ​၏။-

6. ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။-

7. သို့​ရာ​တွင်​ဆိုး​ယုတ်​သူ​တို့​၏​မ​သ​မာ​သော အ​ကျင့်​အ​ကြံ​များ​ကြောင့်​အ​လွန်​စိတ်​ပျက် လျက်​နေ​သူ သူ​တော်​ကောင်း​လော​တ​ကို​မူ ကား​ကိုယ်​တော်​သည်​မီး​ဘေး​မှ​ကယ်​ဆယ် တော်​မူ​၏။-

8. ထို​သူ​တော်​ကောင်း​သည်​ဆိုး​ယုတ်​သူ​တို့​နှင့် အ​တူ​နေ​ထိုင်​ကာ နေ့​စဉ်​နှင့်​အ​မျှ​သူ​တို့​ပြု ကျင့်​သည့်​ဆိုး​ညစ်​မှု​များ​ကို​တွေ့​မြင်​ကြား သိ​သ​ဖြင့် လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​ခဲ့​ရ​ပေ​သည်။-

9-10. သို့​ဖြစ်​၍​ဘု​ရား​ကြည်​ညို​သူ​တို့​အား​မိ​မိ တို့​ခံ​ရ​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​မှ ကယ်​တင်​တော်​မူ​ရန်​လည်း​ကောင်း၊ သူ​ယုတ်​မာ များ​အ​ထူး​သ​ဖြင့်​မိ​မိ​တို့​၏​ကိ​လေ​သာ စိတ်​ဆွဲ​ဆောင်​ရာ​သို့​လိုက်​၍ ဘု​ရား​သ​ခင် အာ​ဏာ​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တိုင်​အောင် ပြစ်​ဒဏ်​ပေး​ထား​ရန်​လည်း​ကောင်း​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​တတ်​၏။ထို​မိစ္ဆာ​ဆ​ရာ​တို့​သည်​အ​တင့်​ရဲ​၍​မာ​န ထောင်​လွှား​လျက် တန်​ခိုး​ကြီး​သော​ကောင်း ကင်​သား​တို့​အား​မ​ရို​သေ​ဘဲ​စော်​ကား ပြော​ဆို​ကြ​၏။-

11. ဤ​မိစ္ဆာ​ဆ​ရာ​တို့​ထက်​များ​စွာ​တန်​ခိုး​စွမ်း ရည်​ကြီး​သော​ကောင်း​ကင်​တ​မန်​များ​ပင် လျှင် သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​မှောက်​တွင်​စော်​ကား​ပြော​ဆို​ခြင်း​ကို မ​ပြု​ကြ။-

12. သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။-

13. သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ထိ​ခိုက်​နာ ကျင်​စေ​သ​ကဲ့​သို့​မိ​မိ​တို့​လည်း​ထိ​ခိုက် နာ​ကျင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​ခင်း ကြောင်​တောင်​သေ​သောက်​ကြူး​၍​ပျော်​ပါး ကြ​၏။ သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ​စား​ပွဲ တွင်​ထိုင်​၍​စား​သောက်​လျက် သင်​တို့​၏​ဂုဏ် သိက္ခာ​ကို​ညစ်​စွန်း​စေ​ကြ​၏။ သူ​တို့​သည် လှည့်​စား​မှု​ကို​နှစ်​သက်​ကြ​၏။-

14. သူ​တို့​၏​မျက်​စိ​သည်​အ​ကျင့်​ပျက်​သည့် အ​မျိုး​သမီး​များ​ကို​သာ​ကြည့်​လျက်​အ​ပြစ် ကူး​၍​အား​မ​ရ​နိုင်​ကြ။ သူ​တို့​သည်​ယုံ ကြည်​ခြင်း​မ​ရင့်​ကျက်​သူ​တို့​ကို​ထောင် ချောက်​ထဲ​သို့​ကျ​စေ​ကြ​၏။ လော​ဘ​လွန် ကူး​မှု​တွင်​ကျင်​လည်​ကြ​၏။ သူ​တို့​သည် ဘုရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​များ ဖြစ်​ကြ​၏။-

15. သူ​တို့​သည်​လမ်း​ဖြောင့်​မှ​သွေ​ဖီ​ကာ​မှောက် မှား​လမ်း​လွဲ​ကြ​လေ​ပြီ။ ဗော​သော်​၏​သား၊ ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​ပြီ။ ဗာ​လမ် ကား​အ​ပြစ်​ပြု​ခြင်း​ဖြင့်​ရ​ရှိ​မည့်​အ​ခ​ကို တပ်​မက်​သည်​ဖြစ်​၍၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ပေ 2