9. ဤအရည်အချင်းများနှင့်ကင်းသူသည် အမြင်တို၍မျက်စိကန်းသူဖြစ်၏။ သူသည် ယခင်ကမိမိ၏အပြစ်များမှပြေလွတ်ခွင့် ရရှိသည်ကိုမေ့လျော့လေပြီ။
10. သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့ကိုဘုရားသခင် ခေါ်ယူရွေးချယ်တော်မူခြင်းကိုတည်မြဲစေရန် ပို၍ပင်ကြိုးစားကြပါမူသင်တို့သည်အဘယ် အခါမျှ မိမိတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ် ကြလိမ့်မည်မဟုတ်။-
11. ဤနည်းအားဖြင့်သင်တို့သည်ငါတို့ကိုအရှင် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှု ခရစ်၏ထာဝရနိုင်ငံတော်သို့ဝင်နိုင်ရန် အခွင့် အရေးအပြည့်အဝကိုရရှိကြလိမ့်မည်။
12. ထို့ကြောင့်သင်တို့သည်ဤအကြောင်းအရာ များကိုသိရှိနားလည်လျက် မိမိတို့ခံယူရ ရှိထားသည့်သမ္မာတရားတော်တွင်အခြေခိုင် ၍နေပြီဖြစ်သော်လည်း ငါသည်သင်တို့အား ထိုအရာများအကြောင်းကိုအစဉ်သတိ ပေးလို၏။-
13. ငါအသက်ရှင်လျက်ရှိနေသမျှကာလပတ်လုံး ထိုအရာများအကြောင်းကိုသင်တို့အားသတိ ပေးနှိုးဆော်လျက်နေသင့်သည်ဟုလည်းယူဆ ၏။-
14. အဘယ်ကြောင့်ဆိုသော်ငါသည်မကြာမီပင် ဤပျက်စီးတတ်သည့်ကိုယ်ခန္ဓာကိုစွန့်ပစ်ရလိမ့် မည်ဖြစ်ကြောင်းသိသောကြောင့်ဖြစ်ပေသည်။ ငါ တို့အရှင်သခင်ယေရှုခရစ်ကလည်းယင်းသို့ ဖြစ်မည်ဟုငါ့အားအတိအလင်းမိန့်ကြား ထား၏။-
15. သို့ဖြစ်၍ငါမရှိသည့်နောက်သင်တို့သည် ဤ အကြောင်းအရာများကိုအစဉ်မှတ်မိစေခြင်း ငှာ ငါသည်အစွမ်းကုန်ကြိုးစားအားထုတ်မည်။
16. ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-
17. အကြီးမြတ်ဆုံးသောဘုန်းအသရေရောင်ခြည် တော်ရှင်က``ဤသူကားငါနှစ်သက်မြတ်နိုး သောငါ၏ချစ်သားဖြစ်၏'' ဟူသောအသံ တော်မိန့်တော်မူသောအချိန်၌ ခမည်းတော် ဘုရားသခင်ထံတော်မှကိုယ်တော်သည်ဂုဏ် အသရေတော်နှင့်ဘုန်းအသရေတော်ကို ခံယူတော်မူ၏။-
18. ထိုစဉ်အခါကငါတို့ကိုယ်တိုင်ပင်လျှင် ကိုယ်တော်နှင့်အတူ သန့်ရှင်းမြင့်မြတ်သော တောင်တော်ပေါ်တွင်ရှိ၍မိုးကောင်းကင်မှ ထွက်ပေါ်လာသောအသံတော်ကိုကြားရ ပေသည်။
19. သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
20. သို့ရာတွင်အဘယ်သူမျှမိမိအလိုအလျောက် ပရောဖက်တို့ဟောချက်အနက်အဋ္ဌိပ္ပါယ်ကို ပြန်ဆို၍မရနိုင်ကြောင်းသင်တို့အထူးမှတ် ယူကြလော့။-
21. အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။