ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ တိ 3:8-17 Common Language Bible (BCL)

8. ယ​န္နေ​နှင့်​ယံ​ဗြေ​တို့​သည်​မော​ရှေ​ကို​ဆန့်​ကျင် ဖက်​ပြု​သ​ကဲ့​သို့ ထို​လူ​စု​တို့​သည်​လည်း​သမ္မာ တ​ရား​တော်​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။ သူ တို့​သည်​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​သူ​များ​ဖြစ်​ပေ​သည်။-

9. သို့​ရာ​တွင်​သူ​တို့​၏​အောင်​မြင်​မှု​သည်​တာ​ရှည်​ခံ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယန္နေ​နှင့် ယံ​ဗြေ​တို့​၏​မိုက်​မဲ​မှု​ကဲ့​သို့​သူ​တို့​၏​မိုက်​မဲ​မှု ကို​လူ​အ​ပေါင်း​တို့​တွေ့​ရှိ​လာ​မည်​ဖြစ်​သော ကြောင့်​တည်း။

10. သို့​ရာ​တွင်​သင်​သည်​ငါ​၏​သြ​ဝါ​ဒ၊ ငါ​၏ အ​ကျင့်​အ​ကြံ​နှင့်​ငါ​၏​ဘ​ဝ​ရည်​မှန်း​ချက်​ကို သိ​မြင်​ခဲ့​ပြီ။ ငါ​၏​ယုံ​ကြည်​ခြင်း၊ ငါ​၏​သည်း ညည်း​ခံ​ခြင်း၊ ငါ​၏​မေတ္တာ၊ ငါ​၏​ခံ​နိုင်​ရည်၊-

11. ငါ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ များ​ကို​သင်​သည်​တွေ့​မြင်​ခဲ့​ပေ​သည်။ အန္တိ​အုတ် မြို့၊ ဣ​ကော​နိ​မြို့​နှင့်​လုတ္တိ​ရ​မြို့​တို့​တွင်​ညှဉ်း​ဆဲ နှိပ်​စက်​ခြင်း​အ​မျိုး​မျိုး​တို့​ကို​ငါ​ခံ​ခဲ့​ရ​ကြောင်း သင်​သိ​၏။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​ငါ့ အား​ထို​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ခဲ့​၏။-

12. ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​ဝတ်​၌​မွေ့​လျော်​လို​သူ​တိုင်း​နှိပ်​စက် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

13. ဆိုး​ညစ်​သူ​များ၊ အ​ယောင်​ဆောင်​လှည့်​စား​သူ များ​သည်​ဆိုး​ယုတ်​သည်​ထက်​ပို​မို​ယုတ်​စွာ​ပြု ကျင့်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​တစ်​ပါး တို့​အား​လှည့်​စား​၍​မိ​မိ​တို့​ကိုယ်​တိုင်​လည်း အ​လှည့်​စား​ခံ​ရ​လိမ့်​မည်။-

14. သို့​သော်​သင်​သည်​မိ​မိ​သင်​ယူ​၍​စွဲ​မြဲ​စွာ ယုံ​ကြည်​သည့်​သစ္စာ​တ​ရား​များ​ကို​စောင့်​ထိန်း လော့။ သင်​အ​ဘယ်​သူ​တို့​ထံ​မှ​နည်း​နာ​ခံ​ခဲ့ သည်​ကို​သင်​သိ​၏။-

15. သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​အ​သိ​ပ​ညာ ကို​ပေး​၍​ခ​ရစ်​တော်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ကယ်​တင်​ခြင်း​ရ​ရှိ​စေ​ရန်​လမ်း​ညွှန်​သော ကျမ်း​စာ​တော်​မြတ်​ကို​ကောင်း​စွာ​သိ​ရှိ​ခဲ့​သူ ဖြစ်​ကြောင်း​ကို​သင်​သိ​၏။-

16. ကျမ်း​စာ​တော်​မှန်​သ​မျှ​ကို​ဘု​ရား​သ​ခင်​၏ လမ်း​ညွှန်​မှု​ဖြင့်​ရေး​သား​ပြု​စု​ထား​သ​ဖြင့် ထို ကျမ်း​စာ​တော်​သည်​သမ္မာ​တ​ရား​တော်​ကို​သွန် သင်​ခြင်း၊ ဆုံး​မ​သြ​ဝါ​ဒ​ပေး​ခြင်း၊ အ​မှား များ​ကို​ပြု​ပြင်​ခြင်း၊ လျောက်​ပတ်​စွာ​သက်​ရှင် နေ​ထိုင်​တတ်​ရန်​လမ်း​ညွှန်​ခြင်း​တို့​ကို​ပြု သော​အား​ဖြင့်၊-

17. ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ဆောင်​သည်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​တို့​ကို​ဆောင်​ရွက် ရန်​လို​အပ်​သည့်​ပြင်​ဆင်​မှု​ရှိ​ပြီး​လျှင် အ​ရည် အ​ချင်း​များ​နှင့်​ပြည့်​ဝ​စုံ​လင်​၍​လာ​ပေ​အံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ တိ 3