11. ဘုရားသခင်သည်ထိုသတင်းကောင်းကို ကြေညာရန် ငါ့ကိုတမန်တော်နှင့်ဆရာ အဖြစ်ခန့်ထားတော်မူ၏။-
12. ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
13. ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
14. သင့်အားပေးအပ်ထားသောကောင်းမြတ်သည့် အရာများကိုငါတို့တွင်ကိန်းအောင်းတော်မူ သောသန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး တော်အားဖြင့်ထိန်းသိမ်းစောင့်ရှောက်လော့။
15. သင်သိရှိသည်အတိုင်းဖုဂေလုနှင့်ဟေရ မောဂင်တို့အပါအဝင်အာရှနယ်ပယ်၌ နေသူအပေါင်းတို့သည်ငါတို့ကိုစွန့်သွား ကြလေပြီ။-
16. သခင်ဘုရားသည်သြနေသိဖော်၏အိမ် ထောင်အားကရုဏာထားတော်မူပါစေ သော။ ထိုသူသည်အကြိမ်ကြိမ်အဖန်ဖန် ငါ့အားစိတ်သက်သာစေ၏။ ငါသည်အကျဉ်း သားဖြစ်လျက်နေသော်လည်းသူသည်ငါ့ အတွက်မရှက်ဘဲ၊-
17. ရောမမြို့သို့ရောက်လျှင်ရောက်ခြင်းငါ့ကို မတွေ့တွေ့အောင်ရှာ၏။-
18. ဧဖက်မြို့တွင်သူသည်ငါ့အားအဘယ်မျှ ပြုစုသည်ကိုသင်ကောင်းစွာသိ၏။ တရား စီရင်တော်မူရာနေ့ရက်ကာလ၌သခင် ဘုရားသည်သူ့အားကရုဏာတော်ကို ခံစားခွင့်ပေးသနားတော်မူပါစေသော။