1. ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်ဖြစ်သူ၊ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါတို့ရရှိမည်ဟုကတိထားတော်မူသော အသက်အကြောင်းကိုကြေညာသူငါပေါလု ထံမှ၊-
2. ငါ၏ချစ်သောတိမောသေထံသို့စာရေး လိုက်ပါသည်။သင်သည်ခမည်းတော်ဘုရားနှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
3. ငါသည်နေ့ညဥ့်မပြတ်ဆုတောင်းပတ္ထနာပြု ရာတွင် သင့်အားအစဉ်ပင်အောက်မေ့သတိရ လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။ ငါသည်ဘိုးဘေးများနည်းတူကိုယ် တော်၏အမှုတော်ကိုကြည်လင်သောသြတ္တပ္ပ စိတ်နှင့်ဆောင်ရွက်သူဖြစ်၏။-
4. သင်အဘယ်သို့မျက်ရည်ကျသည်ကိုသတိ ရလျက် ငါသည်သင့်အားအလွန်တွေ့မြင်လို ၏။ သင့်ကိုတွေ့မြင်ရခြင်းသည်ငါ့အားဝမ်း မြောက်စေလိမ့်မည်။-
5. သင်သည်သင်၏အဖွားလောဣနှင့်အမိဥနိတ် တို့ကဲ့သို့ဟန်ဆောင်မှုမရှိဘဲ ယုံကြည်ကြောင်း ကိုငါသတိရ၏။ သူတို့၏ယုံကြည်ခြင်း မျိုးသည်သင်၌လည်းရှိသည်ဟုငါစိတ်ချ၏။-
6. သို့ဖြစ်၍သင့်အပေါ်ငါသိက္ခာတင်မင်္ဂလာပေး စဉ်အခါက သခင်ဘုရားထံတော်မှသင်ရ ရှိသည့်ဆုကျေးဇူးကိုရှင်သန်လျက်ရှိနေ စေရန်သင့်အားငါသတိပေးနှိုးဆော်၏။-
7. ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။
8. သို့ဖြစ်၍ငါတို့သခင်ဘုရား၏အကြောင်း တော်ကိုသက်သေခံရန်မရှက်နှင့်။ ခရစ်တော် အတွက်အကျဉ်းသားဖြစ်သူငါ၏အတွက် လည်းမရှက်နှင့်။ ဘုရားသခင်ထံမှခွန်အား ကိုရရှိသည်အတိုင်းသတင်းကောင်းအတွက် ငါနှင့်အတူဒုက္ခခံလော့။-