ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ တိ 1:1-10 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ၊ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​မည်​ဟု​က​တိ​ထား​တော်​မူ​သော အ​သက်​အ​ကြောင်း​ကို​ကြေ​ညာ​သူ​ငါ​ပေါ​လု ထံ​မှ၊-

2. ငါ​၏​ချစ်​သော​တိ​မော​သေ​ထံ​သို့​စာ​ရေး လိုက်​ပါ​သည်။သင်​သည်​ခ​မည်း​တော်​ဘု​ရား​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ​ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။

3. ငါ​သည်​နေ့​ညဥ့်​မ​ပြတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု ရာ​တွင် သင့်​အား​အ​စဉ်​ပင်​အောက်​မေ့​သ​တိ​ရ လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။ ငါ​သည်​ဘိုး​ဘေး​များ​နည်း​တူ​ကိုယ် တော်​၏​အ​မှု​တော်​ကို​ကြည်​လင်​သော​သြတ္တ​ပ္ပ စိတ်​နှင့်​ဆောင်​ရွက်​သူ​ဖြစ်​၏။-

4. သင်​အ​ဘယ်​သို့​မျက်​ရည်​ကျ​သည်​ကို​သ​တိ ရ​လျက် ငါ​သည်​သင့်​အား​အ​လွန်​တွေ့​မြင်​လို ၏။ သင့်​ကို​တွေ့​မြင်​ရ​ခြင်း​သည်​ငါ့​အား​ဝမ်း မြောက်​စေ​လိမ့်​မည်။-

5. သင်​သည်​သင်​၏​အ​ဖွား​လော​ဣ​နှင့်​အ​မိ​ဥ​နိတ် တို့​ကဲ့​သို့​ဟန်​ဆောင်​မှု​မ​ရှိ​ဘဲ ယုံ​ကြည်​ကြောင်း ကို​ငါ​သ​တိ​ရ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း မျိုး​သည်​သင်​၌​လည်း​ရှိ​သည်​ဟု​ငါ​စိတ်​ချ​၏။-

6. သို့​ဖြစ်​၍​သင့်​အ​ပေါ်​ငါ​သိက္ခာ​တင်​မင်္ဂလာ​ပေး စဉ်​အ​ခါ​က သ​ခင်​ဘု​ရား​ထံ​တော်​မှ​သင်​ရ ရှိ​သည့်​ဆု​ကျေး​ဇူး​ကို​ရှင်​သန်​လျက်​ရှိ​နေ စေ​ရန်​သင့်​အား​ငါ​သ​တိ​ပေး​နှိုး​ဆော်​၏။-

7. ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။

8. သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။-

9. ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။-

10. သို့​ရာ​တွင်​ယ​ခု​အ​ခါ​ငါ​တို့​၏​ကယ်​တင် ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော်​မူ​ခြင်း အား​ဖြင့် ထို​ကျေး​ဇူး​တော်​သည်​ပေါ်​လွင် ထင်​ရှား​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​သေ ခြင်း​တ​ရား​ကို​ပယ်​ရှား​တော်​မူ​ပြီး​လျှင် သ​တင်း​ကောင်း​အား​ဖြင့် သင်္ခါ​ရ​ကင်း​ခြင်း တ​ရား​ကို​ပေါ်​လွင်​ထင်​ရှား​စေ​တော် မူ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ တိ 1