12. သင်တို့သည်ဤကောင်းမှုအားဖြင့်ဘုရား သခင်၏လူစုတော်အားချို့တဲ့နေစဉ်ကူညီ မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသံကိုလည်းတခဲနက်ထွက် ပေါ်လာစေ၏။-
13. ဤကောင်းမှု၏သာဋ္ဌကကိုထောက်၍လူ အမြောက်အမြားတို့သည်ခရစ်တော်အကြောင်း သတင်းကောင်းကိုသစ္စာရှိစွာသင်တို့ခံယူ ယုံကြည်ကြသည့်အတွက်လည်းကောင်း၊ သင် တို့၏စည်းစိမ်ချမ်းသာများကိုမိမိတို့နှင့် အခြားသူအပေါင်းတို့အား ရက်ရောစွာ ဝေမျှပေးကမ်းကြသည့်အတွက်လည်း ကောင်း ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးကြပေအံ့။-
14. သင်တို့သည်ထူးကဲသောကျေးဇူးတော်ကို ခံစားရကြသဖြင့် သူတို့သည်သင်တို့ကို အလွန်ချစ်ခင်မြတ်နိုးလျက်သင်တို့အတွက် ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။-
15. ငါတို့သည်တန်ဖိုးမဖြတ်နိုင်သောဆု ကျေးဇူးတော်အတွက်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြု ကြကုန်စို့။