ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 9:1-6 Common Language Bible (BCL)

1. ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား ကူ​ညီ​ထောက်​ပံ့​ရေး​အ​ကြောင်း​ကို​သင် တို့​ထံ​ရေး​သား​ဖော်​ပြ​ရန်​မ​လို​ပါ။-

2. သင်​တို့​ကူ​ညီ​ထောက်​ပံ့​ရန်​စိတ်​စေ​တ​နာ ထက်​သန်​ကြ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် တို့​အ​ကြောင်း​ကို​မာ​ကေ​ဒေါ​နိ​ပြည်​သား တို့​အား​ငါ​ကြွား​ဝါ​ခဲ့​၏။ ``အ​ခါ​ယ​ပြည် ရှိ​ညီ​အစ်​ကို​တို့​သည်​ယ​မန်​နှစ်​က​ပင်​လျှင် ပေး​လှူ​ရန်​အ​သင့်​ရှိ​ကြ​၏'' ဟု​သူ​တို့​အား ငါ​ပြော​ကြား​ခဲ့​၏။ သင်​တို့​၏​စိတ်​စေ​တ​နာ ထက်​သန်​မှု​ကြောင့်​ထို​သူ​တို့​အား​လုံး​လို လို​ပင်​စိတ်​အား​တက်​ကြွ​လာ​ပေ​ပြီ။-

3. သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ငါ​တို့​ကြွား​ဝါ ပြော​ဆို​ခဲ့​သ​မျှ​တို့​သည်​မှန်​ကန်​ကြောင်း​သိ သာ​စေ​ရန် ဤ​ညီ​အစ်​ကို​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​လိုက်​၏။ ငါ​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း သင်​တို့​၏​အ​လှူ​ကို​အ​သင့်​ပြင်​ဆင်​ထား ကြ​လော့။-

4. အ​ကယ်​၍​ငါ​နှင့်​အ​တူ​မာ​ကေ​ဒေါ​နိ​ပြည် သား​အ​ချို့​တို့​လိုက်​ပါ​လာ​၍ သင်​တို့​မှာ အ​သင့်​ပြင်​ဆင်​ထား​မှု​မ​ရှိ​သည်​ကို​တွေ့​ရှိ ရ​ပါ​က သင်​တို့​သာ​လျှင်​အ​ရှက်​ရ​ကြ​လိမ့် မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​သင်​တို့​အား များ​စွာ​ယုံ​ကြည်​စိတ်​ချ​မိ​သည်​အ​တွက် အ​ရှက်​ရ​ကြ​လိမ့်​မည်။-

5. သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။

6. မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 9