ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 8:7-21 Common Language Bible (BCL)

7. သင်​တို့​သည်​ယုံ​ကြည်​ခြင်း၊ နှုတ်​သတ္တိ၊ ပ​ညာ ဉာဏ်၊ ကူ​ညီ​ရန်​စေ​တ​နာ၊ ငါ​တို့​အား​ချစ်​ခြင်း အ​စ​ရှိ​သည့်​ပါ​ရ​မီ​တို့​နှင့်​ပြည့်​စုံ​ကြွယ်​ဝ ကြ​၏။ သို့​ဖြစ်​၍​ဒါ​န​ပါ​ရ​မီ​နှင့်​လည်း ပြည့်​စုံ​ကြွယ်​ဝ​ကြောင်း​ကို​ပြ​သ​ကြ​လော့။

8. ဤ​ကား​အ​မိန့်​ပေး​ခြင်း​မ​ဟုတ်။ သူ​တစ်​ပါး တို့​၏​စေ​တ​နာ​ထက်​သန်​ကြ​ပုံ​ကို​သင်​တို့ အား​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​မေတ္တာ​အ​ဘယ် မျှ​စစ်​မှန်​သည်​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ် ၏။-

9. သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။

10. ယ​မန်​နှစ်​က​သင်​တို့​အ​စ​ပြု​သည့်​အ​မှု​ကို ယ​ခု​အ​ဆုံး​သတ်​သင့်​ကြ​သည်​ဟု​ငါ​ထင် မြင်​၏။ သင်​တို့​သည်​စေ​တ​နာ​နှင့်​ပေး​လှူ​မှု ကို​အ​စ​ပြု​ခဲ့​ပေ​သည်။-

11. သို့​ဖြစ်​၍​ထို​အ​မှု​ကို​ဆက်​လက်​ဆောင်​ရွက် ကာ​အ​ဆုံး​သတ်​ကြ​လော့။ သင်​တို့​သည်​ထို အ​မှု​ကို​ကြံ​စည်​ရာ​တွင်​စိတ်​အား​ထက်​သန် သ​ကဲ့​သို့ ဆောင်​ရွက်​ရာ​တွင်​လည်း​စိတ်​အား ထက်​သန်​ကြ​လော့။ သင်​တို့​တတ်​နိုင်​သ​မျှ ပေး​လှူ​ကြ​လော့။-

12. သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။

13-14. သင်​တို့​အား​တာ​ဝန်​လေး​စေ​၍​သူ​တစ်​ပါး တို့​အား​သက်​သာ​စေ​ရန်​ငါ​အ​ကြံ​ပြု​နေ သည်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​အ​ကြံ ပြု​ခြင်း​ဖြစ်​သည်။ ယ​ခု​အ​ခါ​သင်​တို့​၏ ချမ်း​သာ​မှု​သည်​ထို​သူ​တို့​၏​ချို့​တဲ့​မှု​ကို ဖြည့်​ဆည်း​ပေး​သ​ကဲ့​သို့ နောင်​တစ်​နေ့​၌ ထို​သူ​တို့​၏​ချမ်း​သာ​မှု​သည်​သင်​တို့​၏ ချို့​တဲ့​မှု​ကို​ဖြည့်​ဆည်း​ပေး​နိုင်​လိမ့်​မည်။-

15. ကျမ်း​စာ​တော်​က ``များ​များ​ရ​သော​သူ မ​ပို၊ နည်း​နည်း​ရ​သော​သူ​မ​လို'' ဟု​ဖော်​ပြ သ​ကဲ့​သို့​ပင်​ဖြစ်​ပေ​သည်။

16. သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-

17. တိ​တု​သည်​ငါ​တို့​၏​မေတ္တာ​ရပ်​ခံ​ချက်​ကို လက်​ခံ​သည်​သာ​မ​က၊ ကူ​ညီ​ရန်​စေ​တ​နာ စိတ်​ရှိ​သ​ဖြင့်​သင်​တို့​ထံ​သို့​သွား​ရန် မိ​မိ အ​လို​အ​လျောက်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ပေ​သည်။-

18. ငါ​တို့​သည်​သူ​နှင့်​အ​တူ​ညီ​အစ်​ကို​တစ် ယောက်​ကို​စေ​လွှတ်​လိုက်​၏။ ထို​သူ​သည် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​မှု​တော်​ဆောင်​တစ်​ယောက်​အ​နေ​ဖြင့် အ​သင်း​တော်​အ​ပေါင်း​တို့​၏​လေး​စား​ကြည် ညို​မှု​ကို ခံ​ရ​သူ​ဖြစ်​၏။-

19. ထို​မျှ​သာ​မ​က​ဤ​အ​လှူ​ငွေ​ကောက်​ခံ​မှု အ​တွက်​ငါ​တို့​နှင့်​အ​တူ​ခ​ရီး​ပြု​ရန် အ​သင်း တော်​များ​က​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ သူ​လည်း​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​စေ​ရန်​နှင့် ငါ​တို့​၏​စိတ် စေ​တ​နာ​ကို​သိ​သာ​စေ​ရန် ငါ​တို့​သည်​ဤ အ​လှူ​ခံ​လုပ်​ငန်း​ကို​ဆောင်​ရွက်​နေ​ကြ ခြင်း​ဖြစ်​၏။

20. ဤ​သို့​ရက်​ရော​စွာ​ပေး​လှူ​ကြ​သော​အ​လှူ ငွေ​ကို​ကိုင်​တွယ်​ရာ​တွင် ငါ​တို့​သည်​သူ​တစ် ပါး​တို့​၏​အ​ပြစ်​တင်​ခြင်း​နှင့်​ကင်း​လွတ် စေ​ရန်​သ​တိ​နှင့်​ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-

21. သ​ခင်​ဘု​ရား​၏​ရှေ့​တော်​၌​သာ​မ​က​လူ တို့​၏​ရှေ့​၌​လည်း​လျောက်​ပတ်​မှန်​ကန်​သည့် အ​မှု​ကို​သာ​ပြု​ရန်​ရည်​ရွယ်​ချက်​ရှိ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 8