ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 8:20-24 Common Language Bible (BCL)

20. ဤ​သို့​ရက်​ရော​စွာ​ပေး​လှူ​ကြ​သော​အ​လှူ ငွေ​ကို​ကိုင်​တွယ်​ရာ​တွင် ငါ​တို့​သည်​သူ​တစ် ပါး​တို့​၏​အ​ပြစ်​တင်​ခြင်း​နှင့်​ကင်း​လွတ် စေ​ရန်​သ​တိ​နှင့်​ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-

21. သ​ခင်​ဘု​ရား​၏​ရှေ့​တော်​၌​သာ​မ​က​လူ တို့​၏​ရှေ့​၌​လည်း​လျောက်​ပတ်​မှန်​ကန်​သည့် အ​မှု​ကို​သာ​ပြု​ရန်​ရည်​ရွယ်​ချက်​ရှိ​ကြ​၏။

22. သို့​ဖြစ်​၍​ငါ​တို့​သည်​ထို​သူ​နှစ်​ယောက်​တို့​နှင့် အ​တူ အ​ခြား​ညီ​အစ်​ကို​တစ်​ယောက်​ကို​လည်း စေ​လွှတ်​လိုက်​ကြ​သည်။ ထို​သူ​အား​ငါ​တို့​အ​ကြိမ် ကြိမ်​အ​ကဲ​ခတ်​ကြည့်​ရာ သူ​သည်​အ​စဉ်​ကူ​ညီ မ​စ​တတ်​သူ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​ပေ​သည်။ သူ သည်​သင်​တို့​အ​ပေါ်​တွင်​များ​စွာ​အ​ယုံ​အ​ကြည် ရှိ​သ​ဖြင့် သူ​၏​စိတ်​စေ​တ​နာ​သည်​ပို​၍​ပင် ထက်​သန်​နေ​ပေ​သည်။-

23. တိ​တု​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ရ​မည်​ဆို​သော် သူ​သည်​သင်​တို့​၏​အ​မှု​ကိစ္စ​များ​တွင် ငါ​နှင့် အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​သူ​ငါ​၏​လုပ်​ဖော်​ကိုင် ဘက်​ဖြစ်​၏။ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ သော​အ​ခြား​ညီ​အစ်​ကို​များ​မှာ​အ​သင်း တော်​တို့​၏​ကိုယ်​စား​လှယ်​များ​ဖြစ်​ကြ​၏။-

24. ထို​ကြောင့်​သင်​တို့​အ​ကြောင်း​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​သည့်​အ​တိုင်း​မှန်​ကန်​ကြောင်း​ထို သူ​တို့​သည်​လည်း​ကောင်း၊ အ​သင်း​တော်​များ သည်​လည်း​ကောင်း​သိ​ရှိ​နိုင်​ကြ​စေ​ရန်​သူ တို့​အား​မေတ္တာ​ပြ​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 8