ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 8:16-23 Common Language Bible (BCL)

16. သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-

17. တိ​တု​သည်​ငါ​တို့​၏​မေတ္တာ​ရပ်​ခံ​ချက်​ကို လက်​ခံ​သည်​သာ​မ​က၊ ကူ​ညီ​ရန်​စေ​တ​နာ စိတ်​ရှိ​သ​ဖြင့်​သင်​တို့​ထံ​သို့​သွား​ရန် မိ​မိ အ​လို​အ​လျောက်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ပေ​သည်။-

18. ငါ​တို့​သည်​သူ​နှင့်​အ​တူ​ညီ​အစ်​ကို​တစ် ယောက်​ကို​စေ​လွှတ်​လိုက်​၏။ ထို​သူ​သည် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​မှု​တော်​ဆောင်​တစ်​ယောက်​အ​နေ​ဖြင့် အ​သင်း​တော်​အ​ပေါင်း​တို့​၏​လေး​စား​ကြည် ညို​မှု​ကို ခံ​ရ​သူ​ဖြစ်​၏။-

19. ထို​မျှ​သာ​မ​က​ဤ​အ​လှူ​ငွေ​ကောက်​ခံ​မှု အ​တွက်​ငါ​တို့​နှင့်​အ​တူ​ခ​ရီး​ပြု​ရန် အ​သင်း တော်​များ​က​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ သူ​လည်း​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​စေ​ရန်​နှင့် ငါ​တို့​၏​စိတ် စေ​တ​နာ​ကို​သိ​သာ​စေ​ရန် ငါ​တို့​သည်​ဤ အ​လှူ​ခံ​လုပ်​ငန်း​ကို​ဆောင်​ရွက်​နေ​ကြ ခြင်း​ဖြစ်​၏။

20. ဤ​သို့​ရက်​ရော​စွာ​ပေး​လှူ​ကြ​သော​အ​လှူ ငွေ​ကို​ကိုင်​တွယ်​ရာ​တွင် ငါ​တို့​သည်​သူ​တစ် ပါး​တို့​၏​အ​ပြစ်​တင်​ခြင်း​နှင့်​ကင်း​လွတ် စေ​ရန်​သ​တိ​နှင့်​ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-

21. သ​ခင်​ဘု​ရား​၏​ရှေ့​တော်​၌​သာ​မ​က​လူ တို့​၏​ရှေ့​၌​လည်း​လျောက်​ပတ်​မှန်​ကန်​သည့် အ​မှု​ကို​သာ​ပြု​ရန်​ရည်​ရွယ်​ချက်​ရှိ​ကြ​၏။

22. သို့​ဖြစ်​၍​ငါ​တို့​သည်​ထို​သူ​နှစ်​ယောက်​တို့​နှင့် အ​တူ အ​ခြား​ညီ​အစ်​ကို​တစ်​ယောက်​ကို​လည်း စေ​လွှတ်​လိုက်​ကြ​သည်။ ထို​သူ​အား​ငါ​တို့​အ​ကြိမ် ကြိမ်​အ​ကဲ​ခတ်​ကြည့်​ရာ သူ​သည်​အ​စဉ်​ကူ​ညီ မ​စ​တတ်​သူ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​ပေ​သည်။ သူ သည်​သင်​တို့​အ​ပေါ်​တွင်​များ​စွာ​အ​ယုံ​အ​ကြည် ရှိ​သ​ဖြင့် သူ​၏​စိတ်​စေ​တ​နာ​သည်​ပို​၍​ပင် ထက်​သန်​နေ​ပေ​သည်။-

23. တိ​တု​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ရ​မည်​ဆို​သော် သူ​သည်​သင်​တို့​၏​အ​မှု​ကိစ္စ​များ​တွင် ငါ​နှင့် အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​သူ​ငါ​၏​လုပ်​ဖော်​ကိုင် ဘက်​ဖြစ်​၏။ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ သော​အ​ခြား​ညီ​အစ်​ကို​များ​မှာ​အ​သင်း တော်​တို့​၏​ကိုယ်​စား​လှယ်​များ​ဖြစ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 8