ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 7:1-5 Common Language Bible (BCL)

1. ချစ်​မိတ်​ဆွေ​တို့၊ ဤ​က​တိ​တော်​များ​ကား​ငါ တို့​၏​အ​တွက်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​ကာ​ယ​အ​ညစ်​အ​ကြေး​နှင့်​ဝိ​ညာဉ် အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​နှင့်​ကင်း​စင်​စေ​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​အား ဖြင့် မိ​မိ​တို့​ကိုယ်​ကို​လုံး​ဝ​ဖြူ​စင်​သန့်​ရှင်း​စေ ကြ​ကုန်​အံ့။

2. ငါ​တို့​အား​သင်​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​ထား​ကြ လော့။ ငါ​တို့​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​ပြစ်​မှား​ခဲ့။ မည်​သူ့​ကို​မျှ​အ​ကျိုး​နည်း​အောင်​မ​ပြု​ခဲ့။ မည်​သူ့​အ​ပေါ်​တွင်​မျှ​အ​ခွင့်​ကောင်း​ကို​မ​ယူ​ခဲ့။-

3. ဤ​သို့​ဆို​ရာ​၌​သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ လို​၍​မ​ဟုတ်။ ယ​ခင်​က​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း ငါ​တို့​သည်​သင်​တို့​နှင့်​သေ​အ​တူ​ရှင်​မ​ကွဲ ဖြစ်​လို​သည်​တိုင်​အောင် သင်​တို့​အား​ချစ်​သော ကြောင့်​ဖြစ်​၏။-

4. ငါ​သည်​သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၏။ သင် တို့​အ​တွက်​များ​စွာ​ဂုဏ်​ယူ​ဝါ​ကြွား​၏။ အ​မျိုး မျိုး​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​တို့​ခံ​ရ​သော် လည်း ငါ​သည်​အား​တက်​လျက်​အ​တိုင်း​ထက် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။

5. မာ​ကေ​ဒေါ​နိ​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ​၌ ပင်​လျှင် ငါ​တို့​သည်​စိတ်​သက်​သာ​မှု​ကို​မ​ရ​ကြ။ အ​ရပ်​ရပ်​တွင်​အ​ခက်​အ​ခဲ​များ​ရှိ​၏။ အ​ငြင်း ပွား​မှု​များ​ရှိ​၏။ ငါ​တို့​၌​လည်း​ကြောက်​စိတ်​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 7