ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 5:1-5 Common Language Bible (BCL)

1. ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။-

2. ဤ​ယာ​ယီ​တဲ​တွင်​နေ​ထိုင်​စဉ်​ကောင်း​ကင်​ဘုံ အိမ်​ကို​အ​လွန်​တောင့်​တ​သ​ဖြင့် ငါ​တို့​သည် ညည်း​တွား​လျက်​နေ​ကြ​၏။-

3. ယင်း​သို့​ကောင်း​ကင်​ဘုံ​အိမ်​ကို​ရ​ရှိ​သော​အ​ခါ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။-

4. ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။-

5. ဤ​သို့​ပြောင်း​လဲ​စေ​ရန်​ငါ​တို့​ကို​ပြင်​ဆင် ပေး​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ​တို့​ခံ​စား​စေ​ရန်​ကိုယ်​တော်​၏​ဆု​ကျေး​ဇူး အ​ပေါင်း​အ​တွက် အာ​မ​ခံ​ချက်​အ​ဖြစ်​ဖြင့် ဝိ​ညာဉ်​တော်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 5