ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 4:8-13 Common Language Bible (BCL)

8. ငါ​တို့​သည်​မ​ကြာ​ခ​ဏ​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သော်​လည်း​နာ​လန်​မ​ထူ​နိုင်​အောင်​မ​ဖြစ်။ တစ်​ခါ​တစ်​ရံ​စိတ်​ရှုပ်​ထွေး​ကြ​သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​မ​ပျက်။-

9. ငါ​တို့​မှာ​ရန်​သူ​အ​မြောက်​အ​မြား​ပင်​ရှိ သော်​လည်း​မိတ်​ဆွေ​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။ လဲ​အောင်​အ​ထိုး​ခံ​ရ​သော်​လည်း​မ​သေ​ကြ။-

10. သ​ခင်​ယေ​ရှု​သည်​ငါ​တို့​ခန္ဓာ​တွင်​အ​သက် ရှင်​တော်​မူ​ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​၏ သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ်​ခန္ဓာ​၌ သ​ခင်​ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​သည်​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရ​၏။-

11. ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​တွင် သ​ခင်​ယေ​ရှု​အ​သက်​ရှင်​တော်​မူ ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​သည်​အ​သက် ရှင်​လျက်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သ​ခင် ယေ​ရှု​အ​တွက်​အ​ခါ​ခပ်​သိမ်း​သေ​ဘေး နှင့်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​၏။-

12. သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။

13. ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 4