6. ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
7. သို့ရာတွင်ငါတို့တွင်အချုပ်အခြာအာဏာ တန်ခိုးမရှိ၊ ဘုရားသခင်၌သာလျှင်ရှိတော် မူကြောင်းကိုထင်ရှားစေရန် ဆိုခဲ့သည့်ဝိညာဉ် ဘဏ္ဍာကိုထိန်းသိမ်းရသူငါတို့သည်မြေအိုး များသဖွယ်ဖြစ်ကြသည်။-
8. ငါတို့သည်မကြာခဏဆင်းရဲဒုက္ခရောက် ကြသော်လည်းနာလန်မထူနိုင်အောင်မဖြစ်။ တစ်ခါတစ်ရံစိတ်ရှုပ်ထွေးကြသော်လည်း အဘယ်အခါ၌မျှစိတ်မပျက်။-
9. ငါတို့မှာရန်သူအမြောက်အမြားပင်ရှိ သော်လည်းမိတ်ဆွေကင်းမဲ့သည်ဟူ၍မရှိ။ လဲအောင်အထိုးခံရသော်လည်းမသေကြ။-
10. သခင်ယေရှုသည်ငါတို့ခန္ဓာတွင်အသက် ရှင်တော်မူကြောင်းပေါ်လွင်စေရန် ငါတို့၏ သေကြေပျက်စီးတတ်သောကိုယ်ခန္ဓာ၌ သခင်ယေရှု၏အသေခံတော်မူသည်ကို အစဉ်မပြတ်ဆောင်ရ၏။-
11. ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာတွင် သခင်ယေရှုအသက်ရှင်တော်မူ ကြောင်းပေါ်လွင်စေရန် ငါတို့သည်အသက် ရှင်လျက်ရှိသမျှကာလပတ်လုံးသခင် ယေရှုအတွက်အခါခပ်သိမ်းသေဘေး နှင့်ရင်ဆိုင်လျက်နေရကြ၏။-
12. သို့ဖြစ်၍ငါတို့တွင်သေခြင်းတရားသည် ရှင်သန်လျက်ရှိသော်လည်း သင်တို့တွင်မူ ကားအသက်ရှင်ခြင်းတရားသည်ရှင်သန် လျက်ရှိပေသည်။
13. ကျမ်းစာတော်တွင် ``ငါသည်ယုံကြည်သော ကြောင့်ဟောပြောသည်'' ဟုပါရှိသည်အတိုင်း ငါတို့လည်းထိုသို့ယုံကြည်မှုရှိသဖြင့် ဟောပြောကြ၏။-
14. သခင်ယေရှုအားသေခြင်းမှရှင်ပြန်ထ မြောက်စေတော်မူသောဘုရားသခင်သည် ငါ တို့အားလည်းသခင်ယေရှုနှင့်အတူရှင်ပြန် ထမြောက်စေတော်မူပြီးလျှင် သင်တို့နှင့် အတူရှေ့တော်မှောက်သို့ခေါ်ဆောင်တော် မူမည်ဖြစ်ကြောင်းငါတို့သိကြ၏။-
15. ဤအမှုအရာခပ်သိမ်းတို့သည်သင်တို့၏ အကျိုးအလို့ငှာဖြစ်ကြ၏။ ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရသူအရေ အတွက်တိုးတက်များပြားလာသည်နှင့် အမျှ ကိုယ်တော်၏ဘုန်းအသရေတော်ထင် ရှားအံ့သောငှာချီးမွမ်းသည့်ဆုတောင်း ပတ္ထနာများသည်လည်းပိုမိုများပြား လာလိမ့်မည်။