ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 4:3-14 Common Language Bible (BCL)

3. အ​ကယ်​၍​ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့် သ​တင်း​ကောင်း​သည်​ဖုံး​အုပ်​လျက်​ရှိ​လျှင် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျက်​နေ​သူ​များ အ​တွက်​သာ​လျှင်​ဖုံး​အုပ်​လျက်​ရှိ​သည်။-

4. ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။-

5. ငါ​တို့​သည်​မိ​မိ​တို့​၏​အ​ကြောင်း​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း၊ ငါ​တို့​သည်​သ​ခင် ယေ​ရှု​၏​အ​တွက်​သင်​တို့​၏​အ​စေ​ခံ​များ ဖြစ်​ကြ​ကြောင်း​ကို​ဟော​ပြော​ကြ​၏။-

6. ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။

7. သို့​ရာ​တွင်​ငါ​တို့​တွင်​အ​ချုပ်​အ​ခြာ​အာ​ဏာ တန်​ခိုး​မ​ရှိ၊ ဘု​ရား​သ​ခင်​၌​သာ​လျှင်​ရှိ​တော် မူ​ကြောင်း​ကို​ထင်​ရှား​စေ​ရန် ဆို​ခဲ့​သည့်​ဝိ​ညာဉ် ဘဏ္ဍာ​ကို​ထိန်း​သိမ်း​ရ​သူ​ငါ​တို့​သည်​မြေ​အိုး များ​သ​ဖွယ်​ဖြစ်​ကြ​သည်။-

8. ငါ​တို့​သည်​မ​ကြာ​ခ​ဏ​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သော်​လည်း​နာ​လန်​မ​ထူ​နိုင်​အောင်​မ​ဖြစ်။ တစ်​ခါ​တစ်​ရံ​စိတ်​ရှုပ်​ထွေး​ကြ​သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​မ​ပျက်။-

9. ငါ​တို့​မှာ​ရန်​သူ​အ​မြောက်​အ​မြား​ပင်​ရှိ သော်​လည်း​မိတ်​ဆွေ​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။ လဲ​အောင်​အ​ထိုး​ခံ​ရ​သော်​လည်း​မ​သေ​ကြ။-

10. သ​ခင်​ယေ​ရှု​သည်​ငါ​တို့​ခန္ဓာ​တွင်​အ​သက် ရှင်​တော်​မူ​ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​၏ သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ်​ခန္ဓာ​၌ သ​ခင်​ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​သည်​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရ​၏။-

11. ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​တွင် သ​ခင်​ယေ​ရှု​အ​သက်​ရှင်​တော်​မူ ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​သည်​အ​သက် ရှင်​လျက်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သ​ခင် ယေ​ရှု​အ​တွက်​အ​ခါ​ခပ်​သိမ်း​သေ​ဘေး နှင့်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​၏။-

12. သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။

13. ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။-

14. သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 4