ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 4:10-18 Common Language Bible (BCL)

10. သ​ခင်​ယေ​ရှု​သည်​ငါ​တို့​ခန္ဓာ​တွင်​အ​သက် ရှင်​တော်​မူ​ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​၏ သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ်​ခန္ဓာ​၌ သ​ခင်​ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​သည်​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရ​၏။-

11. ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​တွင် သ​ခင်​ယေ​ရှု​အ​သက်​ရှင်​တော်​မူ ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​သည်​အ​သက် ရှင်​လျက်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သ​ခင် ယေ​ရှု​အ​တွက်​အ​ခါ​ခပ်​သိမ်း​သေ​ဘေး နှင့်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​၏။-

12. သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။

13. ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။-

14. သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

15. ဤ​အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​လို့​ငှာ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သူ​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​သည်​နှင့် အ​မျှ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင် ရှား​အံ့​သော​ငှာ​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထ​နာ​များ​သည်​လည်း​ပို​မို​များ​ပြား လာ​လိမ့်​မည်။

16. ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ကြ။ ငါ​တို့​၏​ကိုယ်​ခန္ဓာ​သည်​တ​ဖြည်း​ဖြည်း​ယို ယွင်း​ပျက်​စီး​လျက်​ရှိ​သော်​လည်း ငါ​တို့​၏ ဝိ​ညာဉ်​မူ​ကား​နေ့​စဉ်​နှင့်​အ​မျှ​အ​သစ် ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။-

17. ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။-

18. ငါ​တို့​သည်​မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ များ​ကို​အာ​ရုံ​မ​စိုက်​ဘဲ​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​ကို​သာ​အာ​ရုံ​စိုက်​ကြ​၏။ မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ​များ​သည် ခေတ္တ​ခ​ဏ​မျှ​သာ​တည်​၍​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​မူ​ကား​ထာ​ဝ​ရ​စဉ် တည်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 4