ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 13:9-13 Common Language Bible (BCL)

9. ငါ​တို့​အား​နည်း​၍​သင်​တို့​အား​ကြီး​သော​အ​ခါ ငါ​တို့​ဝမ်း​သာ​သည်။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​လာ​ကြ​စေ​ရန်​ကို​လည်း ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

10. သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။

11. ညီ​အစ်​ကို​တို့၊ ကျန်း​မာ​ရွှင်​လန်း​ကြ​ပါ​စေ။ အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​စေ​ရန်​ဆက်​လက်​ကြိုး​စား ကြ​လော့။ ငါ​၏​မေတ္တာ​ရပ်​ခံ​ချက်​များ​ကို​နာ​ယူ​ကာ အ​ချင်း​ချင်း​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း​ရှိ လျက်​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့။ သို့​ပြု​လျှင်​မေတ္တာ တော်​နှင့်​ငြိမ်​သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင် သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

12. သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့်​နှုတ်​ဆက်​ကြ လော့။

13. ဘု​ရား​သ​ခင်​၏​လူ​စု​တော်​က​သင်​တို့ အား​နှုတ်​ဆက်​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 13