ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 13:1-8 Common Language Bible (BCL)

1. ယ​ခု​ငါ​သည်​တ​တိ​ယ​အ​ကြိမ်​သင်​တို့​ထံ​သို့ လာ​ခဲ့​မည်။ ကျမ်း​စာ​တော်​က​ဖော်​ပြ​သ​ကဲ့​သို့ ``အ​မှု ကိစ္စ​မှန်​သ​မျှ​ကို​သက်​သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက် ဆို​ချက်​အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​မည်။-''

2. ဒု​တိ​ယ​အ​ကြိမ်​ငါ​လာ​ရောက်​ခဲ့​စဉ်​အ​ခါ​က ``နောက် တစ်​ကြိမ်​ငါ​လာ​လျှင်​သင်​တို့​အား​ငါ​ညှာ​တာ​လိမ့် မည်​မ​ဟုတ်'' ဟု​ယ​ခင်​အ​ပြစ်​ကူး​ခဲ့​သူ​များ​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား​ငါ​ကိုယ်​တိုင်​ကြို တင်​သ​တိ​ပေး​ခဲ့​၏။ ယ​ခု​လည်း​ဤ​အ​တိုင်း ပင်​အ​ဝေး​မှ​ငါ​ထပ်​မံ​၍​သ​တိ​ပေး​လိုက်​၏။-

3. ခ​ရစ်​တော်​သည်​ငါ့​အား​ဖြင့်​မိန့်​တော်​မူ​ကြောင်း သက်​သေ​ကို​သင်​တို့​တောင်း​ဆို​ကြ​သည့်​အ​တိုင်း ငါ​လာ​သော​အ​ခါ​ရ​စေ​မည်။ ခ​ရစ်​တော်​သည်​သင် တို့​နှင့်​ဆက်​ဆံ​သော​အ​ခါ​စွမ်း​အား​နည်း​တော် မ​မူ​ဘဲ မိ​မိ​၏​တန်​ခိုး​တော်​ကို​သင်​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ​၏။-

4. ကိုယ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သတ်​ခံ​ရ စဉ်​အ​ခါ​၌​စွမ်း​အား​နည်း​သည့်​အ​ခြေ​အ​နေ​၌ ရှိ​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​အား​ဖြင့်​အ​သက်​ရှင်​လျက်​နေ​တော် မူ​လေ​ပြီ။ ငါ​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​သ​ဖြင့်​စွမ်း​အား​နည်း​ရ​ကြ​၏။ သို့ ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​လျက် သင်​တို့​နှင့်​ဆက်​ဆံ​မည်။

5. သင်​တို့​သည်​ယုံ​ကြည်​ခြင်း​၌​တည်​ကြည်​သူ​များ ဟုတ်​မ​ဟုတ် မိ​မိ​တို့​ကိုယ်​ကို​ဆန်း​စစ်​ကြ​လော့။ ဤ သို့​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင်​ပါ​မူ သင် တို့​သည်​မိ​မိ​တို့​စိတ်​နှ​လုံး​အ​တွင်း​၌ ခ​ရစ်​တော် ကိန်း​အောင်း​တော်​မူ​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ ကြ​မည်။-

6. ငါ​တို့​သည်​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင် သူ​များ​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​၏။-

7. သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ ပြု​၏။ ဤ​သို့​ပြု​ရ​ခြင်း​မှာ​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​အောင်​မြင်​သူ​များ​ဖြစ်​ကြောင်း ပေါ်​လွင်​စေ​လို​၍​မ​ဟုတ်။ ငါ​တို့​သည်​မ​အောင် မြင်​သူ​များ​ဖြစ်​ဟန်​တူ​လျက်​ပင်​သင်​တို့​အား ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ကျင့်​စေ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

8. ငါ​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​ဆန့်​ကျင်​၍ မည်​သည့်​အ​မှု​ကို​မျှ​မ​ပြု​နိုင်​ကြ။ သမ္မာ​တ​ရား တော်​ဘက်​မှ​နေ​၍​သာ​လျှင်​ပြု​နိုင်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 13