ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 12:10-21 Common Language Bible (BCL)

10. ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။

11. ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-

12. ငါ​သည်​တ​မန်​တော်​တစ်​ပါး​ဖြစ်​ကြောင်း​ကို နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​ဖွယ်​ရာ​များ​အား ဖြင့်​သင်​တို့​အား​စိတ်​ရှည်​လက်​ရှည်​ငါ သက်​သေ​ပြ​ခဲ့​၏။-

13. သင်​တို့​အား​ငွေ​ရေး​ကြေး​ရေး​တာ​ဝန်​ကို မ​ပေး​ခဲ့​သည်​မှ​အ​ပ ငါ​သည်​သင်​တို့​အား အ​ခြား​အ​သင်း​တော်​များ​နှင့်​တန်း​တူ​ထား ၍​ဆက်​ဆံ​ခဲ့​၏။ ဤ​သို့​မ​မျှ​မ​တ​ပြု​မိ သည့်​အ​တွက်​ငါ့​အား​ခွင့်​လွှတ်​ကြ​ရန် တောင်း​ပန်​ပါ​၏။

14. ငါ​သည်​ယ​ခု​သင်​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် လာ​ရန်​အ​သင့်​ရှိ​ပြီ။ သို့​ရာ​တွင်​ငါ​၏​အ​တွက် သင်​တို့​အား​တာ​ဝန်​ကြီး​လေး​စေ​မည်​မ​ဟုတ်။ သင်​တို့​၏​ငွေ​ကြေး​ဥစ္စာ​များ​ကို​ငါ​အ​လို မ​ရှိ။ သင်​တို့​ကို​သာ​လျှင်​ငါ​အ​လို​ရှိ​၏။ သား သ​မီး​များ​က​မိ​ဘ​များ​အ​ဖို့​စု​ဆောင်း ရ​ကြ​သည်​မ​ဟုတ်။ မိ​ဘ​များ​က​သာ​လျှင် သား​သ​မီး​များ​အ​ဖို့​စု​ဆောင်း​ရ​ကြ​သည်။-

15. ငါ​သည်​သင်​တို့​ကို​ကူ​ညီ​ရန်​ဝမ်း​မြောက်​စွာ မိ​မိ​၏​ဥစ္စာ​နှင့်​အား​အင်​ကို​ကုန်​ခန်း​စေ​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​မျှ​ချစ်​လျှင်​သင်​တို့ က​ငါ့​ကို​လျော့​၍​ချစ်​ကြ​မည်​လော။

16. ငါ​သည်​သင်​တို့​အား​ဝန်​မ​လေး​စေ​ခဲ့​ကြောင်း ကို​သင်​တို့​ဝန်​ခံ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် ပ​ရိ​ယာယ်​ဖြင့်​သင်​တို့​အား​လိမ်​လည်​လှည့်​စား ခဲ့​သည်​ဟု​တစ်​စုံ​တစ်​ယောက်​က​စွပ်​စွဲ​လိမ့်​မည်။-

17. မည်​ကဲ့​သို့​ငါ​လှည့်​စား​ခဲ့​သ​နည်း။ သင်​တို့​ထံ သို့​ငါ​စေ​လွှတ်​သူ​တစ်​ဦး​ဦး​အား​ဖြင့် ငါ သည်​သင်​တို့​ထံ​မှ​အ​ခွင့်​ကောင်း​ယူ​ခဲ့​ဖူး သ​လော။-

18. ငါ​သည်​တိ​တု​အား​သင်​တို့​ထံ​သို့​သွား​ရန် တောင်း​ပန်​စေ​လွှတ်​ခဲ့​၏။ အ​ခြား​ခ​ရစ်​ယာန် ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း​သူ​နှင့်​အ​တူ ထည့်​လိုက်​၏။ တိ​တု​သည်​သင်​တို့​ထံ​မှ အ​ခွင့်​ကောင်း​ယူ​ခဲ့​သည်​ဟု​ဆို​မည်​လော။ သူ​နှင့်​ငါ​သည်​သ​ဘော​ချင်း​တူ​၍​တစ် လမ်း​တည်း​လိုက်​လျှောက်​ကျင့်​သုံး​ကြ သူ​များ​မ​ဟုတ်​လော။

19. ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-

20. သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-

21. နောက်​တစ်​ဖန်​သင်​တို့​ထံ​သို့​လာ​သော​အ​ခါ ငါ​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​သင်​တို့​ရှေ့ တွင်​အ​ရှက်​ရ​စေ​တော်​မူ​လိမ့်​မည်​လော​ဟူ​၍ လည်း​ကောင်း၊ ယ​ခင်​က​အ​ပြစ်​ကူး​ခဲ့​ကြ ပြီး​နောက်​ယ​ခု​တိုင်​အောင်​ပင်​နောင်​တ​မ​ရ​ဘဲ အ​ကျင့်​ပျက်​ပြား​လျက်​သူ​တစ်​ပါး​အိမ်​ရာ ကို​ပြစ်​မှား​၍​ကာ​မ​ဂုဏ်​လိုက်​စား​လျက်​ရှိ နေ​ကြ​သူ​များ​အ​တွက် ငါ​သည်​မျက်​ရည် ကျ​ရ​လိမ့်​မည်​လော​ဟူ​၍​လည်း​ကောင်း စိုး​ရိမ်​မိ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 12