9. ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။-
10. ဤသို့ငါဝါကြွားသည်ကိုအခါယပြည်တစ် လျှောက်လုံးတွင်မည်သူမျှပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်း ငါ၌ရှိသောခရစ်တော်၏သစ္စာ တရားတော်ကိုအမှီပြု၍ငါဆို၏။-
11. အဘယ်ကြောင့်ဤသို့ငါဆိုရသနည်း။ သင်တို့ အားမချစ်၍လော။ ငါချစ်ကြောင်းကိုဘုရား သခင်သိတော်မူ၏။
12. သို့ရာတွင်ငါတို့ကဲ့သို့လုပ်ဆောင်သည်ဟူ၍ ကြွားဝါပြောဆိုခွင့်ကိုထိုတမန်တော်တို့မရ နိုင်ကြစေရန် ငါသည်ယခုအတိုင်းဆက်လက် လုပ်ဆောင်သွားမည်။-
13. ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။-
14. သူတို့ဤသို့ပြုကြသည်မှာအံ့သြစရာမဟုတ်။ စာတန်ပင်လျှင်အလင်း၏ကောင်းကင်တမန် အသွင်ကိုယူဆောင်နိုင်ပေသည်။-
15. သို့ဖြစ်၍သူ၏တပည့်များသည်ဖြောင့်မတ်ခြင်း တရားကိုဟောပြောကြေညာသူများအဖြစ် ယောင်ဆောင်ကြသည်မှာအံ့သြစရာမဟုတ် ပေ။ နောက်ဆုံး၌သူတို့သည်မိမိတို့ကျင့်ကြံ ပြုမူသည်အတိုင်းထိုက်သင့်ရာအကျိုး အပြစ်ကိုခံစားကြရလိမ့်မည်။
16. တစ်ဖန်ငါဆိုသည်ကားငါ့အားလူမိုက်ဟု အဘယ်သူမျှမထင်မမှတ်စေနှင့်။ သို့ရာတွင် သင်တို့ထင်မှတ်ကြလျှင်လည်းလူမိုက်အဖြစ် ဖြင့်ပင်ငါ့အားလက်ခံကြလော့။ သို့မှသာ လျှင်ငါ့မှာကြွားဝါစရာအခွင့်အနည်း ငယ်ရရှိနိုင်ပေမည်။-
17. ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။-
18. သို့သော်လူအများကလောကီအရာများ အတွက်ကြွားဝါတတ်ကြသည်ဖြစ်ရာ ငါ သည်လည်းကြွားဝါမည်။-