19. သင်တို့သည်ပညာရှိကြီးများဖြစ်သဖြင့် လူ မိုက်များကိုဝမ်းမြောက်စွာသည်းခံကြပေသည်။-
20. သင်တို့သည်မိမိတို့အားစေစားသူ၊ အခွင့် ကောင်းယူသူ၊ အမြတ်ထုတ်သူ၊ အထင်အမြင် သေးသူ၊ ပါးရိုက်သူတို့ကိုသည်းခံကြ၏။-
21. ငါတို့သည်ဤသို့သောအမှုတို့ကိုသင်တို့အား ပြုရန်သတ္တိမရှိကြောင်းကိုရှက်ရှက်နှင့်ပင်ငါ ဝန်ခံ၏။သို့ရာတွင်လူမိုက်အနေနှင့်ပြောရမည်ဆိုလျှင် အကယ်၍တစ်စုံတစ်ယောက်ကအရာတစ်ခု အတွက်ကြွားဝါပါကငါလည်းကြွားဝါ နိုင်၏။-
22. သူတို့သည်ဟေဗြဲအမျိုးသားဖြစ်သည်ဟု ဆိုလျှင် ငါလည်းဖြစ်၏။ သူတို့သည်ဣသရေလ အမျိုးသားများဖြစ်သည်ဟုဆိုလျှင် ငါလည်း ဖြစ်၏။ သူတို့သည်အာဗြဟံ၏အမျိုးအနွယ် များဖြစ်သည်ဟုဆိုလျှင် ငါလည်းဖြစ်၏။-
23. သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။-
24. ယုဒအမျိုးသားတို့သည်ငါ့အားသုံးဆယ့် ကိုးချက်ရိုက်ဒဏ်ကိုငါးကြိမ်တိုင်တိုင်ပေး ခဲ့ကြ၏။-
25. ရောမအမျိုးသားတို့ထံ၌ငါသည်သုံးကြိမ် တိုင်တိုင်ကြိမ်ဒဏ်ခံခဲ့ရသည်။ ခဲနှင့်အပေါက် ခံရသည်မှာတစ်ကြိမ်၊ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်၏။ ပင်လယ်ပြင်တွင်နှစ်ဆယ့် လေးနာရီမျောခဲ့ရ၏။-
26. ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-
27. အလုပ်ကိုပင်ပန်းခက်ခဲစွာလုပ်ကိုင်ရခြင်း မကြာခဏအအိပ်ပျက်ခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဝအောင်မစားရခြင်း၊ အအေးဒဏ်ခံရ ခြင်း၊ ဝတ်စရာလည်းလုံလောက်စွာမရှိ ခြင်းများကိုငါခံရ၏။-
28. ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။-
29. အားနည်းသူရှိလျှင်ငါသည်လည်းအားနည်း ရ၏။ အပြစ်ကူးသူရှိလျှင်ငါသည်ပူပန် ရ၏။
30. ငါသည်ဝါကြွားရမည်ဆိုလျှင် မိမိ၏အား နည်းမှုကိုသာအကြောင်းပြု၍ဝါကြွားမည်။-
31. ငါသည်လိမ်လည်၍မပြောကြောင်းကို သခင် ယေရှု၏ခမည်းတော်ဘုရားသခင်သိတော် မူ၏။ ထိုအရှင်၏နာမတော်သည်ထာဝစဉ် မင်္ဂလာရှိတော်မူပါစေသတည်း။-
32. ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။-