ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 11:1-17 Common Language Bible (BCL)

1. ငါ​၏​အ​နည်း​ငယ်​မိုက်​မဲ​မှု​ကို​သင်​တို့​သည်း​ခံ ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။ ကျေး​ဇူး​ပြု​၍ သည်း​ခံ​ကြ​လော့။-

2. ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​မ​နာ​လို​စိတ်​ရှိ တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​မ​နာ​လို စိတ်​ရှိ​၏။ သင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဦး​တည်း နှင့်​စုံ​ဖက်​ထိမ်း​မြား​ရန် ငါ​က​တိ​ပြု​ထား​သည့် အ​ပျို​စင်​နှင့်​တူ​ကြ​၏။-

3. ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-

4. လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။

5. ငါ​သည်​သင်​တို့​၏​ထူး​မြတ်​လှ​သည့်​တ​မန် တော်​များ​ထက်​အ​နည်း​ငယ်​မျှ​မ​နိမ့်​ဟု​ငါ ယူ​ဆ​၏။-

6. ငါ​သည်​အ​ဟော​အ​ပြော​ညံ့​သော်​လည်း​အ​သိ ပ​ညာ​မ​ညံ့။ ငါ​တို့​သည်​အ​ခါ​ခပ်​သိမ်း​အ​ခြေ အ​နေ​အ​မျိုး​မျိုး​တွင်​ဤ​အ​ချက်​ကို​သင်​တို့ အား​ကောင်း​စွာ​သိ​စေ​ခဲ့​၏။

7. ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။-

8. ငါ​သည်​သင်​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​စဉ်​ကုန် ကျ​သည့်​စ​ရိတ်​များ​ကို​အ​ခြား​အ​သင်း​တော် များ​အား​ကျ​ခံ​စေ​ခဲ့​၏။ ငါ​တို့​သည်​သင်​တို့​ကို ကူ​ညီ​မ​စ​နိုင်​ရန်​ထို​အ​သင်း​တော်​များ​ကို ဋ္ဌား​ပြ​တိုက်​ရ​သ​ကဲ့​သို့​ဖြစ်​၏။-

9. ထို့​အ​ပြင်​ငါ​သည်​သင်​တို့​ထံ​၌​ရှိ​နေ​စဉ်​ကြေး ငွေ​လို​အပ်​ချိန်​၌​သင်​တို့​အား​ဒုက္ခ​မ​ပေး​ခဲ့။ မာ ကေ​ဒေါ​နိ​ပြည်​မှ​လာ​ကြ​သည့်​ညီ​အစ်​ကို​များ က​ငါ​လို​သ​မျှ​ကို​ယူ​ဆောင်​လာ​ကြ​၏။ ငါ သည်​မိ​မိ​၏​အ​တွက်​မည်​သို့​မျှ​သင်​တို့​အား ဝန်​မ​လေး​စေ​ခဲ့။ နောင်​ကို​လည်း​ဝန်​လေး​စေ​မည် မ​ဟုတ်။-

10. ဤ​သို့​ငါ​ဝါ​ကြွား​သည်​ကို​အ​ခါ​ယ​ပြည်​တစ် လျှောက်​လုံး​တွင်​မည်​သူ​မျှ​ပိတ်​ပင်​၍​ရ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​၌​ရှိ​သော​ခ​ရစ်​တော်​၏​သစ္စာ တ​ရား​တော်​ကို​အ​မှီ​ပြု​၍​ငါ​ဆို​၏။-

11. အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ဆို​ရ​သ​နည်း။ သင်​တို့ အား​မ​ချစ်​၍​လော။ ငါ​ချစ်​ကြောင်း​ကို​ဘု​ရား သ​ခင်​သိ​တော်​မူ​၏။

12. သို့​ရာ​တွင်​ငါ​တို့​ကဲ့​သို့​လုပ်​ဆောင်​သည်​ဟူ​၍ ကြွား​ဝါ​ပြော​ဆို​ခွင့်​ကို​ထို​တ​မန်​တော်​တို့​မ​ရ နိုင်​ကြ​စေ​ရန် ငါ​သည်​ယ​ခု​အ​တိုင်း​ဆက်​လက် လုပ်​ဆောင်​သွား​မည်။-

13. ထို​သူ​တို့​ကား​တ​မန်​တော်​အ​တု​များ​သာ​ဖြစ် ကြ​၏။ မိ​မိ​တို့​ကိုယ်​ကို​ခ​ရစ်​တော်​၏​တ​မန်​တော် များ​အ​ဖြစ်​ယောင်​ဆောင်​လျက်​လှည့်​စား​လုပ် ဆောင်​သူ​များ​တည်း။-

14. သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။-

15. သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။

16. တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။-

17. ယ​ခု​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​သည်​သ​ခင် ဘု​ရား​၏​အ​လို​တော်​အ​ရ​မ​ဟုတ်။ လူ​မိုက် ကဲ့​သို့​ငါ​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 11