10. ``ပေါလု၏စာများသည်ပြင်းထန်၍အာဏာ ပါသည့်စာများဖြစ်၏။ သို့သော်ငါတို့ရှေ့မှောက် ၌မူသူသည်သတ္တိကြောင်သူ၊ အဟောအပြော ညံ့သူဖြစ်သည်'' ဟုပြောဆိုသူရှိလိမ့်မည်။-
11. ငါတို့သည်အဝေး၌ရှိစဉ်အခါကစာရေး ပြောကြားလိုက်သည်အတိုင်းပင် လူကိုယ်တိုင် ရောက်ရှိလာချိန်၌ပြုမူဆောင်ရွက်မည်ဖြစ် ကြောင်းထိုသူအားအသိပေးလိုက်သည်။
12. မိမိကိုယ်ကိုချီးမြှောက်ပြောဆိုသူတို့၏လူ တန်းစားတွင်ငါတို့သည်မပါဝင်ဝံ့ပါ။ သင်တို့ နှင့်နှိုင်းယှဉ်ရန်လည်းမဝံ့ပါ။ မိမိတို့ကိုယ်ကို စံထား၍ မိမိတို့ကိုယ်ကိုအကဲဖြတ်သူများ သည်လွန်စွာမိုက်မဲလှပါသည်တကား။-
13. ငါတို့မူကားဝါကြွားသင့်သည့်အတိုင်း အတာကိုကျော်လွန်၍ဝါကြွားကြမည်မ ဟုတ်။ သင်တို့တွင်ငါတို့လုပ်ဆောင်သောလုပ် ငန်းအပါအဝင်ငါတို့လုပ်ဆောင်ရန် ဘုရား သခင်ကိုယ်တော်တိုင်သတ်မှတ်ပေးတော်မူ သည့်လုပ်ငန်းနယ်ပယ်အတွင်း၌သာငါတို့ ဝါကြွားကြ၏။-
14. သင်တို့သည်ငါတို့အတွက်ဘုရားသခင်သတ် မှတ်ထားသောလုပ်ငန်းနယ်ပယ်အတွင်းပါဝင် သဖြင့် ငါတို့သည်ခရစ်တော်အကြောင်းသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာရာ၌နယ် ကျော်ရာမကျ။-
15. သို့ဖြစ်၍ငါတို့သည်ဘုရားသခင်သတ်မှတ် ပေးသည့်လုပ်ငန်းအတွက်မှလွဲ၍ သူတစ်ပါး တို့၏လုပ်ဆောင်ချက်များအတွက်ဂုဏ်ယူ ဝါကြွားမှုမပြု။ သင်တို့၏ယုံကြည်ခြင်း ပါရမီရင့်လာသည်နှင့်အမျှ ငါတို့အတွက် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့်နယ် ပယ်အတွင်း သင်တို့ထံတွင်အမှုတော်တို့ ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်မျှော်လင့်၏။-