ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 1:12-24 Common Language Bible (BCL)

12. ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

13. ယ​ခု​ငါ​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​များ တွင် သင်​တို့​ဖတ်​ရှု​နား​လည်​နိုင်​သည့်​အ​ကြောင်း အ​ရာ​များ​သာ​လျှင်​ပါ​ရှိ​၏။-

14. ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား နိုင်​သည့်​နည်း​တူ သင်​တို့​သည်​လည်း​ငါ​တို့ အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​စေ​ရန် သင် တို့​သည်​ယ​ခု​တစ်​စိတ်​တစ်​ဒေ​သ​အား​ဖြင့် သာ သိ​ရှိ​နား​လည်​ကြ​သည့်​အ​ကြောင်း​အ​ရာ များ​ကို​ပြည့်​ဝ​စုံ​လင်​စွာ​သိ​ရှိ​နား​လည် လာ​ကြ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​၏။

15. ထို​သို့​စိတ်​ချ​ခြင်း​ရှိ​သ​ဖြင့် ငါ​သည်​သင် တို့​နှစ်​ထပ်​ကွမ်း​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား ရ​ကြ​စေ​ရန်၊-

16. မာ​ကေ​ဒေါ​နိ​ပြည်​သို့​အ​သွား​တွင်​တစ်​ကြိမ်၊ ထို​ပြည်​မှ​အ​ပြန်​တွင်​တစ်​ကြိမ်​သင်​တို့​ထံ​သို့ ဝင်​ရောက်​ပြီး​နောက်​ယု​ဒ​ပြည်​သို့​သွား​နိုင်​ရန် သင်​တို့​ထံ​မှ​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​မည် ဟု​အ​ကြံ​ရှိ​၏။-

17. ယင်း​သို့​ကြံ​စည်​ခဲ့​ခြင်း​မှာ​ငါ​၌​စိတ်​နှစ်​ခွ​ရှိ လေ​သ​လော။ ငါ​ကြံ​စည်​ဆုံး​ဖြတ်​သည့်​အ​ခါ များ​၌​တစ်​ကိုယ်​ကောင်း​သ​ဘော​အ​ရ​ကြံ​စည် ဆုံး​ဖြတ်​လေ​သ​လော။ တစ်​ချိန်​တည်း​မှာ​ပင် ဟုတ်​မှန်​သည်​ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ​၍​လည်း​ကောင်း​စ​ကား​နှစ်​ခွ​ဆို​လေ သ​လော။-

18. ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ထိုက်​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ကဲ့​သို့ ငါ​ပြော​သော​စ​ကား​သည် လည်း​စ​ကား​နှစ်​ခွ​မ​ဟုတ်။-

19. သင်​တို့​အား​ငါ​မှ​စ​၍​သိ​လွာ​နု​နှင့်​တိ​မော​သေ တို့​ဟော​ပြော​ကြေ​ညာ​ခဲ့​သော​ဘု​ရား​သ​ခင်​၏ သား​တော်​ယေ​ရှု​ခ​ရစ်​သည်​တစ်​ချိန်​တည်း​မှာ​ပင် ``ဟုတ်​မှန်​သည်'' ဟူ​၍​လည်း​ကောင်း၊ ``မ​ဟုတ် မ​မှန်'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​သော အ​ရှင်​မ​ဟုတ်။ စင်​စစ်​အား​ဖြင့်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏ ``ဟုတ်​မှန်​သည်'' ဖြစ်​တော်​မူ​ပေ သည်။-

20. ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါင်း​တို့​သည် ``ဟုတ်​မှန်​သည်'' ဟု​ဖော်​ပြ​သော​အ​ရှင်​ဖြစ် တော်​မူ​၏။ ထို​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​ယေ​ရှု ခ​ရစ်​ကို​အ​မှီ​ပြု​၍``အာ​မင်'' ဟု​ဆို​ခြင်း​ဖြစ်​၏။-

21. သင်​တို့​နှင့်​ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​အ​သက်​ရှင်​စေ​တော်​မူ​သော​အ​ရှင် မှာ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ငါ​တို့​အား​သီး သန့်​ရွေး​ချယ်​တော်​မူ​၍၊-

22. မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။

23. ကော​ရိန္သု​မြို့​သို့​မ​လာ​ဘဲ​နေ​ရန်​ငါ​ဆုံး​ဖြတ် ခဲ့​ခြင်း​မှာ သင်​တို့​ကို​သက်​ညှာ​သော​ကြောင့်​ဖြစ် ကြောင်း​ဘု​ရား​သ​ခင်​သည်​ငါ​၏​သက်​သေ ဖြစ်​တော်​မူ​၏။-

24. သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို​ယုံ​ကြည်​ရ မည်​ကို​သင်​တို့​အား​အ​မိန့်​ပေး​ရန်​ငါ​တို့ ကြိုး​စား​နေ​ခြင်း​မ​ဟုတ်။ သင်​တို့​၏​ယုံ​ကြည် ခြင်း​သည်​ခိုင်​မာ​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ ကြ​၏။ ငါ​တို့​သည်​သင်​တို့​၏​ရွှင်​လန်း​ဝမ်း မြောက်​မှု​အ​တွက်​သင်​တို့​နှင့်​အ​တူ​လုပ် ဆောင်​နေ​ခြင်း​သာ​ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 1