ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 1:1-8 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ် ခန့်​ထား​ခြင်း​ခံ​ရ သူ​ပေါ​လု​နှင့်​ညီ​တိ​မော​သေ​တို့​ထံ​မှ ကော​ရိန္သု ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​များ​မှ​စ​၍ အ​ခါ​ယ​ပြည်​နယ်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။

2. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ သော။

3. နှစ်​သိမ့်​မှု​၏​အ​ရှင်၊ က​ရု​ဏာ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သော​အ​ဖ၊ ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ငါ​တို့​ချီး​မွမ်း​ကြ ကုန်​စို့။-

4. ငါ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ခံ​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ငါ​တို့​အား​နှစ်​သိမ့် မှု​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ထံ​တော်​မှ​ယင်း​သို့​ရ​ရှိ​သည့် နှစ်​သိမ့်​မှု​ဖြင့်​ပင်​လျှင် ဒုက္ခ​ဆင်း​ရဲ​အ​မျိုး​မျိုး ခံ​ရ​ကြ​သူ​တို့​အား​နှစ်​သိမ့်​စေ​နိုင်​ကြ​ပေ သည်။-

5. ငါ​တို့​သည်​ခ​ရစ်​တော်​ခံ​စား​ရ​သော​များ​ပြား သည့်​ဒုက္ခ​ဆင်း​ရဲ​တို့​ကို​ပါ​ဝင်​ခံ​စား​ရ​ကြ သည့်​နည်း​တူ ခ​ရစ်​တော်​အား​ဖြင့်​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​နှစ်​သိမ့်​မှု​ကို​လည်း​ခံ​ယူ​ရ ရှိ​ကြ​၏။-

6. ငါ​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လျှင်​သင်​တို့​နှစ် သိမ့်​မှု​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ ရန်​အ​တွက်​ဖြစ်​၏။ နှစ်​သိမ့်​မှု​ကို​ငါ​တို့​ရ​ရှိ ကြ​ပါ​လျှင် သင်​တို့​သည်​လည်း​ငါ​တို့​နည်း တူ​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​လျက် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​သည်း​ခံ​သော​စိတ်​နှင့် ခံ​နိုင်​သော​ခွန်​အား​ရ​ရှိ​ကြ​၏။-

7. သို့​ဖြစ်​၍​သင်​တို့​အ​တွက်​မ​ယိမ်း​မ​ယိုင်​သော မျှော်​လင့်​ခြင်း​ငါ​တို့​၌​ရှိ​၏။ သင်​တို့​သည်​ငါ တို့​ခံ​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​ခံ​ရ​ကြ သည့်​နည်း​တူ​ငါ​တို့​ရ​ရှိ​သည့်​နှစ်​သိမ့်​မှု​မျိုး ကို​လည်း​ရ​ရှိ​ကြ​ကြောင်း​ငါ​တို့​သိ​ကြ​၏။

8. ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​တွင်​ငါ​တို့​ခံ​ခဲ့ ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို​သင်​တို့ အား​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ငါ​တို့ မ​ခံ​မ​ရပ်​နိုင်​အောင်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ သ​ဖြင့် ငါ​တို့​သည်​အ​သက်​ရှင်​နိုင်​ရန်​မျှော် လင့်​ချက်​မ​ရှိ​ခဲ့​ပေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 1