ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ သက် 5:7-25 Common Language Bible (BCL)

7. လူ​တို့​သည်​ညဥ့်​အ​ခါ​၌​အိပ်​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​သေ​ရည်​သေ​ရက်​မူး​ယစ်​တတ်​ကြ​၏။-

8. သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-

9. ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​အ​မျက်​တော် သင့်​စေ​ရန်​ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်။ အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင်​ခြင်း ခံ​ရ​ကြ​စေ​ရန်​ရွေး​ကောက်​တော်​မူ​၏။-

10. ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​တို့​သည် သေ​လွန်​ပြီး​သည်​ဖြစ်​စေ၊ ရှင်​လျက်​နေ​သည် ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​စေ​ရန် ကိုယ်​တော်​သည်​ငါ​တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​ပေ​သည်။-

11. သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။

12. ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။-

13. သူ​တို့​ဆောင်​ရွက်​ကြ​သည့်​အ​မှု​တော်​ကို​ထောက် ၍ သူ​တို့​အား​အ​ထူး​ရို​သေ​ချစ်​ခင်​ကြ​လော့။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။

14. ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။-

15. အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။

16. အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-

17. အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။-

18. အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။

19. သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။-

20. ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။-

21. အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊-

22. မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။

23. ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။-

24. သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။

25. ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့​လည်း​ဆု​တောင်း​ကြ လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ သက် 5