6. သို့ဖြစ်၍ငါတို့သည်အခြားသူများကဲ့သို့ အိပ်ပျော်၍မနေရကြ။ နိုးနိုးကြားကြားရှိ ရကြမည်။ သမ္မာသတိရှိရကြမည်။-
7. လူတို့သည်ညဥ့်အခါ၌အိပ်တတ်ကြ၏။ ညဥ့် အခါ၌သေရည်သေရက်မူးယစ်တတ်ကြ၏။-
8. သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
9. ဘုရားသခင်သည်ငါတို့အားအမျက်တော် သင့်စေရန်ရွေးကောက်တော်မူသည်မဟုတ်။ အရှင် သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်း ခံရကြစေရန်ရွေးကောက်တော်မူ၏။-
10. ခရစ်တော်ကြွလာတော်မူချိန်၌ငါတို့သည် သေလွန်ပြီးသည်ဖြစ်စေ၊ ရှင်လျက်နေသည် ဖြစ်စေ ကိုယ်တော်နှင့်အတူအသက်ရှင်ခွင့်ကို ရရှိနိုင်ကြစေရန် ကိုယ်တော်သည်ငါတို့အတွက် အသက်တော်ကိုစွန့်တော်မူပေသည်။-
11. သို့ဖြစ်၍သင်တို့သည်အချင်းချင်းတစ်ယောက် ကိုတစ်ယောက်အားပေးကူညီမှုကို ယခုကျင့် သုံးနေသကဲ့သို့ဆက်လက်၍ကျင့်သုံးကြလော့။
12. ညီအစ်ကိုတို့၊ သင်တို့ထံတွင်အမှုတော်ကို ဆောင်ရွက်နေသော၊ သင်တို့အားလမ်းပြသွန် သင်ရန် သခင်ဘုရားခန့်ထားတော်မူသော သူများကိုကြည်ညိုလေးစားကြရန်ငါတို့ တိုက်တွန်း၏။-
13. သူတို့ဆောင်ရွက်ကြသည့်အမှုတော်ကိုထောက် ၍ သူတို့အားအထူးရိုသေချစ်ခင်ကြလော့။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။
14. ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
15. အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။
16. အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။-
17. အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။-
18. အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။
19. သန့်ရှင်းသောဝိညာဉ်တော်ကိုမဆီးတားကြနှင့်။-
20. ဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်ဟောပြော သည့်တရားဒေသနာများကို အဘယ်အခါ ၌မျှမထီမဲ့မြင်မပြုကြနှင့်။-