ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ သက် 4:7-13 Common Language Bible (BCL)

7. ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။-

8. သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။

9. ယုံ​ကြည်​သူ​အ​ချင်း​ချင်း​ချစ်​ကြ​စေ​ရန်​သင် တို့​ကို​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​ခဲ့​သ​ဖြင့် သင်​တို့​အ​ချင်း​ချင်း​ချစ်​ရ​မည်​အ​ကြောင်း​နှင့် ပတ်​သက်​၍​ရေး​သား​ရန်​မ​လို။-

10. အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-

11. သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။-

12. ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။

13. ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ သက် 4