ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ သက် 4:15-18 Common Language Bible (BCL)

15. သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။-

16. ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။-

17. ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။-

18. သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ သက် 4