ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ သက် 1:1-8 Common Language Bible (BCL)

1. ပေါ​လု၊ သိ​လွာ​နု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ခ​မည်း​တော် ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သည့် သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့ ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။

2-3. ငါ​တို့​သည်​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​သည် မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လက်​တွေ့​အ​ဘယ် သို့​ကျင့်​သုံး​ကြ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ ၏​ချစ်​ခြင်း​ကြောင့်​သင်​တို့​အ​ဘယ်​သို့​ကြိုး​စား လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​အ​ဘယ်​သို့​မျှော်​လင့် ၍​တည်​ကြည်​ကြ​သည်​ကို​လည်း​ကောင်း သ​တိ​ရ ၍​အ​စဉ်​ပင်​ကျေးဇူး​တော်​ကို​ချီး​မွမ်း​ကြ​၏။-

4. ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​ချစ်​တော်​မူ​၍​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​ငါ​တို့​သိ​၏။-

5. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။-

6. သင်​တို့​သည်​ငါ​တို့​၏​ပုံ​စံ​နှင့်​သခင်​ဘု​ရား ၏​ပုံ​စံ​တော်​အ​တိုင်း​လိုက်​လျှောက်​ခဲ့​ကြ​၏။ သင်​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ ကြ​သော်​လည်း သန့်​ရှင်း​သော​ဝိညာဉ်​တော်​မှ ရ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့်​တ​ရား​တော် ကို​ခံ​ယူ​ကြ​၏။-

7. သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။-

8. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ သက် 1