ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ယော 5:4-15 Common Language Bible (BCL)

4. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​သူ​သည် လော​က​ကို​အောင်​နိုင်​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​လော​က​ကို​အောင်​ခြင်း​ဖြစ်​ပေ​သည်။-

5. သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။

6. ယေ​ရှု​ခ​ရစ်​သည်​ရေ​အား​ဖြင့်​ဗတ္တိ​ဇံ​ကို​ခံ တော်​မူ​လျက်​သွေး​တော်​ကို​သွန်း​၍ အ​သေ​ခံ တော်​မူ​လျက်​ကြွ​လာ​တော်​မူ​သော​အ​ရှင်​ပေ တည်း။ ကိုယ်​တော်​သည်​ရေ​အား​ဖြင့်​သာ​ကြွ​လာ တော်​မူ​သည်​မ​ဟုတ်။ ရေ​အား​ဖြင့်​လည်း​ကောင်း၊ သွေး​အား​ဖြင့်​လည်း​ကောင်း​ကြွ​လာ​တော်​မူ​ပေ သည်။ ဝိ​ညာဉ်​တော်​သည်​သမ္မာ​တ​ရား​ဖြစ်​၍​ကြွ လာ​တော်​မူ​ကြောင်း​ကို​သက်​သေ​ခံ​တော်​မူ​၏။-

7. သက်​သေ​သုံး​ပါး​ရှိ​လေ​သည်။-

8. ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။-

9. ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။-

10. ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။-

11. ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။-

12. သား​တော်​ကို​ရ​ရှိ​သူ​သည်​ထို​အ​သက်​ကို ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ ရှိ​သူ​မူ​ကား​ထို​အ​သက်​ကို​မ​ရ။

13. ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။-

14. ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။-

15. ယင်း​သို့​ကိုယ်​တော်​နား​ညောင်း​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့် ငါ​တို့​သည်​မိ​မိ​တို့​တောင်း​လျှောက် သည့်​ဆု​များ​ကို​ချ​ပေး​တော်​မူ​သည်​ကို​လည်း သိ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ယော 5