ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ယော 5:1-16 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို ယုံ​ကြည်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး ဖြစ်​၏။ ဖ​ခင်​ကို​ချစ်​သော​သူ​သည်​ထို​ဖ​ခင်​၏​သား ကို​လည်း​ချစ်​တတ်​၏။-

2. ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ချစ်​၍​ပ​ညတ် တော်​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​ကို​ငါ​တို့​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​ရ​၏။-

3. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့ ကို​စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​သည်။ ကိုယ်​တော်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​ငါ​တို့ အ​တွက်​ဝန်​မ​လေး​ပေ။-

4. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​သူ​သည် လော​က​ကို​အောင်​နိုင်​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​လော​က​ကို​အောင်​ခြင်း​ဖြစ်​ပေ​သည်။-

5. သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။

6. ယေ​ရှု​ခ​ရစ်​သည်​ရေ​အား​ဖြင့်​ဗတ္တိ​ဇံ​ကို​ခံ တော်​မူ​လျက်​သွေး​တော်​ကို​သွန်း​၍ အ​သေ​ခံ တော်​မူ​လျက်​ကြွ​လာ​တော်​မူ​သော​အ​ရှင်​ပေ တည်း။ ကိုယ်​တော်​သည်​ရေ​အား​ဖြင့်​သာ​ကြွ​လာ တော်​မူ​သည်​မ​ဟုတ်။ ရေ​အား​ဖြင့်​လည်း​ကောင်း၊ သွေး​အား​ဖြင့်​လည်း​ကောင်း​ကြွ​လာ​တော်​မူ​ပေ သည်။ ဝိ​ညာဉ်​တော်​သည်​သမ္မာ​တ​ရား​ဖြစ်​၍​ကြွ လာ​တော်​မူ​ကြောင်း​ကို​သက်​သေ​ခံ​တော်​မူ​၏။-

7. သက်​သေ​သုံး​ပါး​ရှိ​လေ​သည်။-

8. ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။-

9. ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။-

10. ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။-

11. ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။-

12. သား​တော်​ကို​ရ​ရှိ​သူ​သည်​ထို​အ​သက်​ကို ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ ရှိ​သူ​မူ​ကား​ထို​အ​သက်​ကို​မ​ရ။

13. ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။-

14. ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။-

15. ယင်း​သို့​ကိုယ်​တော်​နား​ညောင်း​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့် ငါ​တို့​သည်​မိ​မိ​တို့​တောင်း​လျှောက် သည့်​ဆု​များ​ကို​ချ​ပေး​တော်​မူ​သည်​ကို​လည်း သိ​ကြ​၏။

16. ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​အ​သက် ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​မှ​လွဲ​၍ အ​ခြား​အ​ပြစ် တစ်​စုံ​တစ်​ရာ​ကို​ကူး​လွန်​ပါ​မူ​သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လော့။ ကိုယ်​တော် သည်​သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။ အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​ကို​မ​ကူး သူ​များ​အ​တွက်​သာ ဤ​သို့​ဆု​တောင်း​ပေး​ရန် ဖြစ်​သည်။ သို့​ရာ​တွင်​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး မည့်​အ​ပြစ်​ဟူ​၍​ရှိ​သည်။ ထို​အ​ပြစ်​မျိုး​ကို ကူး​သူ​အ​တွက်​ဆု​တောင်း​ရ​မည်​ဟု​ငါ​မ​ဆို။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ယော 5