ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ယော 3:19-24 Common Language Bible (BCL)

19. သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

20. မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

21. သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ ငါ​တို့​၏​သြတ္တ​ပ္ပ​စိတ် က​ငါ​တို့​အား​ပြစ်​တင်​ရှုတ်​ချ​မှု​မ​ပြု​လျှင် ငါ​တို့​သည်​ဘု​ရား​သ​ခင်​ထံ​တော်​၌​ရဲ​ဝံ့ ခွင့်​ရ​ရှိ​ကြ​၏။-

22. ငါ​တို့​သည်​ကိုယ်​တော်​၏​ပညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​များ၊ ကိုယ်​တော်​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​သူ​များ​ဖြစ်​သ​ဖြင့် ငါ​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့ ကို​အထံ​တော်​မှ​ရ​ရှိ​ကြ​၏။-

23. ကိုယ်​တော်​၏​ပ​ညတ်​တော်​ဟူ​မူ​ကား​ငါ​တို့ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ရ​ကြ​မည်။ ထို​အ​ရှင်​မိန့်​တော်​မူ သည်​အ​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို တစ်​ယောက်​ချစ်​ရ​ကြ​မည်​ဟူ​၍​ဖြစ်​ပေ​သည်။-

24. ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း သူ​သည် ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​လည်း​ထို​သူ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​၏။ ယင်း​သို့​ဖြစ်​တော်​မူ ကြောင်း​ကို ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​အား​ဖြင့်​ငါ​တို့​သိ​ရ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ယော 3