17. လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။-
18. သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
19. သို့ဖြစ်၍ဤနည်းအားဖြင့်ငါတို့သည်သမ္မာ တရားနှင့်ဆိုင်သူများဖြစ်ကြောင်းသိရှိနိုင် မည်။ ဘုရားသခင်၏ရှေ့တော်မှောက်တွင်လည်း စိတ်ချခွင့်ကိုရရှိကြလိမ့်မည်။-
20. မိမိတို့သြတ္တပ္ပစိတ်၏ပြစ်တင်ရှုတ်ချမှုကို ခံရသောအခါ၌လည်း ဘုရားသခင်သည် ငါတို့သြတ္တပ္ပစိတ်ထက်ကြီးမြတ်တော်မူ ကြောင်း၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်း ကိုသိတော်မူကြောင်းငါတို့သိကြ၏။-
21. သို့ဖြစ်၍ချစ်ဆွေတို့၊ ငါတို့၏သြတ္တပ္ပစိတ် ကငါတို့အားပြစ်တင်ရှုတ်ချမှုမပြုလျှင် ငါတို့သည်ဘုရားသခင်ထံတော်၌ရဲဝံ့ ခွင့်ရရှိကြ၏။-
22. ငါတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းသူများ၊ ကိုယ်တော်နှစ်သက်တော် မူသောအမှုတို့ကိုပြုသူများဖြစ်သဖြင့် ငါတို့တောင်းလျှောက်သမျှသောအရာတို့ ကိုအထံတော်မှရရှိကြ၏။-
23. ကိုယ်တော်၏ပညတ်တော်ဟူမူကားငါတို့ သည်ဘုရားသခင်၏သားတော်ယေရှုခရစ် ကိုယုံကြည်ရကြမည်။ ထိုအရှင်မိန့်တော်မူ သည်အတိုင်း အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ရကြမည်ဟူ၍ဖြစ်ပေသည်။-
24. ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။