ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ပေ 4:2-6 Common Language Bible (BCL)

2. သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။-

3. လွန်​ခဲ့​သည့်​ကာ​လ​က​သင်​တို့​သည်​မ​ယုံ ကြည်​သူ​များ​ပြု​ကျင့်​သ​ကဲ့​သို့​အ​တန်​ကြာ စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​ကြ​၏။ မ​ပြု​သင့်​မ​ပြု ထိုက်​သည်​ကို​ပြု​မူ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ သေ​သောက်​ကြူး​ခြင်း၊ ပျော်​ရွှင်​မြူး​တူး​ခြင်း၊ သေ​သောက်​ပွဲ​များ​ကျင်း​ပ​ခြင်း​နှင့်​လွန်​စွာ မ​နှစ်​မြို့​အပ်​သည့်​ရုပ်​တု​ကိုး​ကွယ်​ခြင်း တို့​တွင်​ပါ​ဝင်​ခဲ့​ကြ​၏။-

4. ယ​ခု​မှာ​မူ​သင်​တို့​သည်​မ​ယုံ​ကြည်​သူ​တို့ နှင့်​အ​တူ​ယင်း​သို့​အ​ပျော်​ကြူး​၍ စည်း​မဲ့ ကမ်း​မဲ့​သက်​ရှင်​လှုပ်​ရှား​မှု​များ​တွင်​မ​ပါ​ဝင် ကြ​တော့​ပေ။ သို့​ဖြစ်​၍​သူ​တို့​သည်​အံ့​သြ လျက်​သင်​တို့​ကို​စော်​ကား​ပြော​ဆို​ကြ​၏။-

5. ဤ​သို့​ပြု​ကြ​သည့်​အ​တွက်​သူ​တို့​သည်​အ​သက် ရှင်​သူ​နှင့်​သေ​သူ​များ​အား တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ ထံ​တော်​၌​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။-

6. ဤ​အ​ကြောင်း​ကြောင့်​သေ​လွန်​သူ​တို့​သည်​ဘု​ရား သ​ခင်​ဝိ​ညာဉ်​အား​ဖြင့်​အ​သက်​ရှင်​နိုင်​ကြ​စေ ရန် သူ​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ ခြင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ကာ​ယ​အား​ဖြင့် အ​သက်​ရှင်​စဉ်​အ​ခါ​က​လူ​တိုင်း​နည်း​တူ အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ခဲ့​ရ​သူ​များ​ဖြစ် သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ပေ 4