ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ပေ 4:14-19 Common Language Bible (BCL)

14. သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် သော​ကြောင့်​စော်​ကား​ခြင်း​ခံ​ရ​သော​အ​ခါ​မင်္ဂ လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သို့ ခံ​ရ​သော​အ​ချိန်​၌ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​တည်း​ဟူ​သော​ဘုန်း​အ​သ​ရေ​တော်​နှင့် ပြည့်​ဝ​သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ် သို့​သက်​ရောက်​လျက်​နေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

15. သင်​တို့​တွင်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လူ​သတ် မှု၊ ခိုး​မှု၊ ရာ​ဇ​ဝတ်​မှု​သို့​မ​ဟုတ်​သူ​တစ်​ပါး​၏ ကိစ္စ​တွင်​ဝင်​ရောက်​စွက်​ဖက်​မှု​ဖြင့်​ပြစ်​ဒဏ်​မ​ခံ ရ​စေ​နှင့်။-

16. သို့​ရာ​တွင်​ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့်​ပြစ် ဒဏ်​ခံ​ရ​ပါ​မူ​ကား​ရှက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ ခ​ရစ်​တော်​၏​နာ​မ​ကြောင့်​ခံ​ရ​လျှင်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၏။

17. တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန်​သည်​ကျ​ရောက် လာ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့ သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​ပ​ထ​မ ဦး​စွာ​ခံ​ရ​ကြ​မည်။ ငါ​တို့​သည်​ဦး​စွာ​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ခံ​ရ​ကြ​လျှင်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည်​သူ​တို့​မည် သို့​ဖြစ်​လိမ့်​မည်​နည်း။-

18. ကျမ်း​စာ​တော်​က​ဖော်​ပြ​သည်​နှင့်​အ​ညီ``အ​ကယ်​၍​သူ​တော်​ကောင်း​များ​ပင်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​ခက်​ခဲ​ပါ​မူဘု​ရား​တ​ရား​မဲ့​သည့်​အ​ပြစ်​ကူး​သူ​တို့​အ​ဖို့ မည်​သို့​ဖြစ်​လိမ့်​မည်​နည်း''

19. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် အ​ညီ​ဆင်း​ရဲ​ခံ​ရ​ကြ​သူ​တို့​သည်​အ​ကျင့် ကောင်း​ကို​ပြု​လျက် မိ​မိ​တို့​အား​ဖန်​ဆင်း​တော် မူ​၍​သစ္စာ​တည်​တော်​မူ​သော​အ​ရှင်​၏​လက် တော်​သို့​မိ​မိ​တို့​ကိုယ်​ကို​အပ်​နှံ​ကြ​စေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ပေ 4