ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ပေ 4:12-16 Common Language Bible (BCL)

12. ချစ်​ဆွေ​တို့၊ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စစ် ဆေး​ရန်​အ​တွက် ယ​ခု​သင်​တို့​ပြင်း​ပြ​စွာ​စုံ​စမ်း နှောင့်​ယှက်​ခြင်း​ကို​ခံ​နေ​ရ​ကြ​သည်​ကို​မ​အံ့ သြ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည်​သင်​တို့ အ​တွက်​မ​ထူး​ဆန်း​ပေ။-

13. အံ့​သြ​နေ​မည့်​အ​စား​သင်​တို့​သည်​ခ​ရစ်​တော် ၏​ဝေ​ဒ​နာ​တော်​များ​ကို​ကိုယ်​တော်​နှင့်​အ​တူ ပါ​ဝင်​ခံ​စား​ရ​ကြ​သ​ဖြင့်​ဝမ်း​မြောက်​ကြ လော့။ သို့​မှ​သာ​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ပေါ်​လွင်​ထင်​ရှား​သော​အ​ခါ​သင်​တို့​သည် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

14. သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် သော​ကြောင့်​စော်​ကား​ခြင်း​ခံ​ရ​သော​အ​ခါ​မင်္ဂ လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သို့ ခံ​ရ​သော​အ​ချိန်​၌ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​တည်း​ဟူ​သော​ဘုန်း​အ​သ​ရေ​တော်​နှင့် ပြည့်​ဝ​သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ် သို့​သက်​ရောက်​လျက်​နေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

15. သင်​တို့​တွင်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လူ​သတ် မှု၊ ခိုး​မှု၊ ရာ​ဇ​ဝတ်​မှု​သို့​မ​ဟုတ်​သူ​တစ်​ပါး​၏ ကိစ္စ​တွင်​ဝင်​ရောက်​စွက်​ဖက်​မှု​ဖြင့်​ပြစ်​ဒဏ်​မ​ခံ ရ​စေ​နှင့်။-

16. သို့​ရာ​တွင်​ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့်​ပြစ် ဒဏ်​ခံ​ရ​ပါ​မူ​ကား​ရှက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ ခ​ရစ်​တော်​၏​နာ​မ​ကြောင့်​ခံ​ရ​လျှင်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ပေ 4